26 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကို စစ်တပ်က အကြံဉာဏ်ပေးပြီး ကူညီခဲ့သော်လည်း ထိရောက်မှုအားနည်းခဲ့ဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြန်

Must read

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကို စစ်တပ်က အကြံဉာဏ်ပေးပြီး ကူညီခဲ့သော်လည်း ထိရောက်မှုအားနည်းခဲ့ဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြန်

ရန်ကုန်၊ ဇွန် ၁၇

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကို စစ်တပ်က အကြံဉာဏ်ပေးပြီး ကူညီခဲ့သော်လည်း ထိရောက်မှု အားနည်း ခဲ့သည်ဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင် ပြောဆိုလိုက်သည်။

ဇွန်လ ၁၆ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်အရာရှိငယ်များနှင့် တွေ့ဆုံပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ အပြစ်တင် ပြောဆိုခြင်း ဖြစ်သည်။

စစ်တပ်က ဒီမိုကရေစီကို ဖော်ဆောင်ပေးသူဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရတက်သော NLD အစိုးရ သက်တမ်းတွင် စစ်တပ်၏ ဖြတ်သန်း တွေ့ကြုံ ခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ လုပ်သင့် လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင် ရွက် ခဲ့သော်လည်း ထိရောက်မှု အားနည်းကြောင်း၊ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပေါ် ခဲ့ချိန်တွင် စစ်တပ်က အစိုးရအဖွဲ့ကို ကူညီခဲ့ကြောင်း မင်းအောင်လှိုင်က ပြောဆို သည်။

အကြမ်းဖက်မင်းအောင်လှိုင် ၎င်း၏ ပြောဆိုလေ့ရှိသော ၂၀၂၀ ရွေးကောက်ပွဲ တွင် မဲမသမာမှုကို ဖြေရှင်းမပေး၍ အာဏာ ထိန်းသိမ်းရသည်ဆိုသော အချက် ကိုလည်း ယင်းတွေ့ဆုံပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article