27 C
Yangon

ကန့်ဘလူ၊ အင်ကြင်းစုကျေးရွာတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဝါသ၀ ဦးဆောင်သော လက်နက်ကိုင်အဖွဲ့က လူငယ်များကို အတင်းအကျပ် ပျူစော ထီးအဖွဲ့ထဲ ဝင်ခိုင်းနေ၊ မဝင်လိုလျှင် ငွေကျပ် ၁၀ သိန်းပေးရန် တောင်းခံ

Must read

ကန့်ဘလူ၊ အင်ကြင်းစုကျေးရွာတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဝါသ၀ ဦးဆောင်သော လက်နက်ကိုင်အဖွဲ့က လူငယ်များကို အတင်းအကျပ် ပျူစော ထီးအဖွဲ့ထဲ ဝင်ခိုင်းနေ၊ မဝင်လိုလျှင် ငွေကျပ် ၁၀ သိန်းပေးရန် တောင်းခံ

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လိပ်ထူကျေးရွာအုပ်စု ၊ အင်ကြင်းစု ကျေး ရွာတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဝါသ၀ ဦးဆောင်သော လက်နက် ကိုင်အဖွဲ့က လူငယ်များကို အတင်းအကျပ် ပြည်သူ့စစ်(ခ) ပျူစောထီးထဲသို့ ဝင်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ၊လိပ်ထူအုပ်စု၊အင်ကြင်းစု ကျေးရွာကို မဘသအကြမ်းဖက် ဝါသဝ ဦးဆောင်သော လက်နက်ကိုင် ပြည် သူ့စစ်အဖွဲ့က ပျူကျေးရွာအဖြစ် အသွင်းပြောင်းခိုင်းနေကြောင်း၊ ကျေးရွာတွင် ဆယ်အိမ်မှူး ၂၃ ဦးရှိပြီး ဆယ်အိမ်မှူး တစ်ဦးလျှင် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ကောက်ခံပေးရန် ဝါသ၀က ညွှန်ကြားကြောင်း၊ ထို့ကြောင့် ကျေးရွာတွင် လူငယ် များကို မဲဖောက်ပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းလျက်ရှိကြောင်း၊ မဲပေါက်သော လူငယ်များအနေဖြင့် ပြည်သူ့စစ်(ခ) ပျူစောထီး မလုပ်လိုလျှင် ငွေကျပ် ၁၀ သိန်း ပေးရန် ဝါသ၀ဦးဆောင်သော လက်နက်ကိုင်အဖွဲ့က တောင်းခံကြောင်း သိရှိရသည်။

“ရွာမှာ ဆယ်အိမ်ခေါင်း ၂၃ခေါင်းရှိရာတွင် တစ်ခေါင်းလျှင် တစ်ယောက်နှုန်းဖြင့် မဲဖောက်၍ ပျူစောထီးအဖွဲ့ထဲကို အတင်းအကျပ် ဝင်ရောက်ခိုင်းနေပါတယ်။ မဲပေါက်၍ ပျူစောထီး မလုပ်လိုသူတွေအနေနဲ့ ၁၀ သိန်းပေးရမယ်လို့ ငွေ တောင်း တယ်။ မဲပေါက်တဲ့ လူငယ်တွေအနေနဲ့ ပျူစောထီးထဲ မဝင်ချင်၊ တစ်ဖက်မှာလည်း ငွေ ၁၀ သိန်းက မပေးနိုင်တော့ မလိုက်ချင်လို့ မြေလူးပြီး ငိုနေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့၏ ခေါင်းဆောင် ဝါသ၀သည် သင်္ကန်းဝတ် မဘသ တစ်ဦးဖြစ်ပြီး ကန့်ဘလူမြို့နယ် မှော်တော ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ကြောင်း၊ ယခင် စစ်တပ်ထောက်ခံ သော အမျိုး သား ရေး အစွန်းရောက်ဖြစ်ပြီး ငါးရာငါးဆယ်ဆရာတော်ဟု အမည်ခံ ထား ကြောင်း ၊ လက်ရှိတွင် စစ်ကောင်စီအတွက် ပျူစောထီးအဖွဲ့များကို ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်တို့တွင် ဦးဆောင်ဖွဲ့စည်းလျက်ရှိကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article