33 C
Yangon

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ ဝန်းသို တွင် လည်း အခွန်ကောက်သည့် ပျူစောထီး ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦး စလုံးသေဆုံးပြီး လက်နက်များရရှိ

Must read

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ ဝန်းသို တွင် လည်း အခွန်ကောက်သည့် ပျူစောထီး ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦး စလုံးသေဆုံးပြီး လက်နက်များရရှိ

ရန်ကုန်၊ ဇွန် ၁၇

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်း၌ တိုက်ပွဲတွင် အကြမ်း ဖက် စစ်သား ၁၀ ဦးထက်မ နည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲ က တရားဝင်ထုတ် ပြန်ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး အကြမ်းဖက်စစ် ကောင်စီ တပ်ဖွဲ့နှင့် MBPDF – B O1 ၊ MBPDF-BO2 ၊ Loikaw PDF ၊ KNDF-BO1 ၊ KNDF- BO3 ၊ KA ၊ မြို့ပြပျောက်ကြားတပ်ဖွဲ့ (URF) တို့ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ အဆန်မတန် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့တွင်း စစ်ရေးအခြေအနေ တင်းမာနေပြီး အကြမ်းဖက်စစ်တပ်က တိုက်ဖြစ်ပွားခြင်းမရှိသောနေရာ များကိုလည်း လက်နက်ကြီးများ၊ လေယာဉ် များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသဖြင့် ပြည် သူ များအ နေဖြင့် နေရပ်ပြန် ခြင်းလုံးဝ(လုံးဝ)မပြုလုပ်ကြရန်၊လုံခြုံရေးအတွက် အထူးဂရုစိုက်နေထိုင်ပေး ကြပါရန် မိုးဗြဲ PDF တပ်ဖွဲ့က သတိပေးထားသည်။

အကြမ်းဖက်စစ်တပ်သည် မိုးဗြဲမြို့တွင်းရှိ ပြည်သူများကို အကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရန် တစ်လ အတွင်း ပြည်သူ ၃၀ နီးပါးကို အကြောင်းမဲ့ပစ်ခတ် ခဲ့ ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက် ဆီဆိုင်သို့ ဆီကားများကို အခွန်လာကောက်သည့် ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက် ခိုက်ရာ ၃ ဦးစလုံး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီတွင် ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက် ဆီဆိုင်သို့ ကားဖြင့် ဆီကားများကို အခွန်​ ကောက်လာသော ဝန်းသိုမြို့ ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းမောင်၊ ပျူစောထီးအဖွဲ့ဝင် ဝင်းကို နှင့် အမည်မသိပျူစောထီး စုစုပေါင်း ၃ ဦး တိုက်ခိုက်ခံရပြီး ၃ ဦးလုံးသေဆုံးကြောင်း Wuntho Revolution _WR ထံမှ သိရှိရသည်။

“ဆီကားတွေကို အခွန်လာကောက်မယ်လို့ကြားလို့။သူတို့ လာမယ့်နေရာ အနီး မှာ ခြုံခိုပြီး စောင့်နေတာပေါ့။ သူတို့ မပစ်နိုင်လိုက်ပါဘူး”ဟု Wuntho Revolution_WR မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ကြားသည်။

ပျူစောထီးများထံမှ ကာဘိုင် ၁ လက် ၊ KA ၁ လက်နှင့် လက်လုပ် သေနတ် စသော လက်နက်များရရှိခဲ့ကြောင်း ၊ တော်လှန်ရေးရဲဘော်များဘက်မှ အခက် အခဲ မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ဝန်းသိုမြို့နယ် တွင်းရှိ PDFနှင့် ပကဖများပူပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Wuntho Revolution -WR ထံမှ သိရှိရသည်။

ဓာတ်ပုံ ၁- ဝန်းသိုတွင် သိမ်းဆည်းရမိသည့် လက်နက်များ။

ဓာတ်ပုံ ၂ မှစ၍ဓာတ်ပုံအားလုံးမှာ မိုးဗြဲဒေသတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အပျက်အစီးပုံများဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article