30 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူများ အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူများ အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူများ အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်သည် လက်ရှိချိန်တွင် ကွင်းပြင်များ၌ အမိုးအကာများ မရှိဘဲ နေထိုင်နေရပြီး မိုးရာသီဖြစ်သောကြောင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် စစ်ဘေးတိမ်းရှောင်နေရသည့် ရက်ကြာမြင့်လာသည့်အတွက် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

” ဆားလင်းကြီးဘက်မှာက စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိတယ်။ မုံရွာဘက်မှာက စစ်ဘေးရှောင် ၂၀၀၀ ကျော် ရှိတယ်။ ရက်ကြာလာပြီဆိုတော့ အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ အမိုးအကာတွေလည်း လိုအပ်နေတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်၌ ယာယီ စစ်ရှောင်စခန်း ၄ နေရာရှိပြီး လယ်ကွင်းများ၌ အမိုးအကာမလုံဘဲ စစ်ရှောင်နေရသည့် ပြည်သူများလည်းရှိကြောင်း၊ စစ်ရှောင်နေရသည်မှာ ၉ ရက်ကြာမြင့်လာပြီ ဖြစ်သောကြောင့် စားဝတ်နေရေး အတွက်လည်း စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article