32 C
Yangon

ကျိုက်ထို၊ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကျိုက်ထို၊ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ရွာလေး ကွက်သစ် ၈ လမ်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ၃၈ နှစ်အရွယ် မအေးအေးနွယ်ဖြစ်ပြီး ယာဘက်နံရိုးအောက် ဖောက်ဝင်ဒဏ်ရာ၊ ယာပါးထိရှ ဒဏ်ရာနှင့် ယာလက်သကြွယ်ပြတ်ဒဏ်ရာတို့ ရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးမှာ အသက် ၃၄ နှစ်အရွယ် ကိုဇင်ဘိုလတ်သည် ယာခါးပေါက်ပြဲဒဏ်ရာ၊ အသက် ၅ နှစ်အရွယ် မသဇင်အောင်သည် ယာပါးနှင့်ဝဲတင်ပါးတို့၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၃၅ နှစ်အရွယ် ကိုရှိန်းကျော်သည် ဝဲလက်မောင်းရင်းဖောက်ဝင်ဒဏ်ရာ၊ ယာလက်သကြွယ်ပေါက်ပြဲ ဒဏ်ရာတို့ရရှိခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုမာသန်းသည် ဝဲလက်မောင်းနှင့် တံထောင်ဆစ်ထိခိုက်ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖမိုးပြတ်ရှဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးများကို သိမ်ဇရပ် အခြေတိုက် အမတ ၃၁၀ မှ ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီ ၃၈ မိနစ်တွင် ၁၂၀ မမ ၂ လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ယင်း လက်နက်ကြီး ၂ လုံးသည် ကျောက်တန်းလေးနှင့် ဧက ၇၀ ကျောက်မိုင်း ဝန်းကျင် တွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် သိမ်ဇရပ် ရဲစခန်းမှ ၆၀ မမ ၅ လုံး ထပ်မံပစ်ခတ်ရာ ၆၀ မမ ၄ လုံး သည် ရွာလေး ကွက်သစ်၊ ၈ လမ်းသို့ ကျရောက် ကျရောက်ပေါက်ကွဲခဲ့ပီး ၊ အရပ်သား. ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ကျန်လက်နက်ကြီး ၁ လုံးသည် ဦးစိုးလေးအိမ် နားသို့ ကျရောက်ခဲ့ပီး မပေါက်ကွဲဘဲ ထို မကွဲသော လက်နက်ကြီးကျည်ကို အမတ ၃၁၀ မှ ယနေ့ နံနက်ပိုင်းတွင် လာရောက် စစ်ဆေး သိမ်းဆည်းသွားကြောင်း သိရသည်။

ယင်းလုပ်ဆောင်ချက်ကို KNU/KNLA ၊ PDF တပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်တပ် လောဘီများက သတင်းမှားများ ထုတ်ပြန်နေပြီး လက်နက်ကိုင်ဆောင်ထားသည့် ရဲသတင်းပေး ဒူးရှည်၊ ငမျိုး ဆိုသူတို့က လည်း KNU/KNLA ၊ PDF တို့မှ လာရောက်ပစ်ခတ်သည်ဟုဆိုကာ ရွာထဲ၌ လိုက်လံပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

သိမ်ဇရပ်မြို့ရှိ အမတ ၃၁၀ နှင့် ခမရ ၂၀၇ ၊ ပျူစောထီး ပဲသီး အဖွဲ့၊ ရဲစခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သုံးခွရွာနှင့် ရွာလေးရွာမှ ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးဘော ၊ နတ်စင် ၊ ခမောက်ခွေ ၊ ကော်ကပ် ၊ ဇီးပြောင်းကျေးရွာ အုပ်စု များ ၊ ကွေ့ကြီး ၊ ဝင်းကံ ၊ ကျောက်ရေတွင်း ၊ ကျောက်ပုံကြီးကွင်း ၊ ဝါးဒတ်ကွင်း ၊ ရေကျော် ၊ သုံးခွ ၊ ခရွဲ ၊ အခိုင် ၊ စစ်ကွင်း ၊ မုက္ကမော့ ၊ အကွက်. ၆ ၊ အကွက်. ၅ ၊ ရွာလေး ၊ လူလေ ၊ တောင်တလုံး ၊ တောင်တခြမ်း ၊ ပေ.၈၀ ၊ အမှတ်. ၅ ၊ သထုံစု ၊ ကမ်းနီ ကျေးရွာ များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း ၄၀ မမ ၊ ၆၀ မမ ၊ ၈၁ မမ ၊ ၁၂၀ မမ ၊ ၁၀၅ /၁၂၂ ဟောင်ဝှစ်ဇာ များဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article