27 C
Yangon

ကန်ပက်လက်မြို့မ ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၁ ဦးသေဆုံး

Must read

ကန်ပက်လက်မြို့မ ရဲစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန်လ ၁၇

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း CDF – Kanpetlet ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နံနက် ၉ နာရီခွဲခန့်မှ ၁၀ နာရီခွဲခန့်အထိ နေ့က ကန်ပက်လက်မြို့၊ ကန်ပက် လက်မြို့မရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ရဲစခန်းအတွင်းသို့ ကျရောက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ၁၀ ကြိမ် ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDF – Kanpetlet နှင့် ညောင်ဦးခရိုင် တပ်ရင်း ၂ (ညောင်ရမ်း တပ်ရင်း) တို့ပူး ပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်သား ၂၁ ဦးသေဆုံးခဲ့ကြောင်း CDF- Kanpetlet ထံမှ သိရသည်။

မေလ ၂၉ ရက်နေ့တွင် မင်းတပ်မြို့မှ တပ်ချိန်းပြီး ပြန်လည် ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကြောင်းကို ညနေ ၂ နာရီမှ ၃ နာရီအထိတစ်ကြိမ်၊ ည ၈ နာရီတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၅ ဦးသေဆုံးကာ CDF – Mindat မှ ရဲဘော်တစ်ဦး အပြင်းအထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့က မင်းတပ်မြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို ပဒေသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ မေလ ၂၅ ရက်နေ့က မင်းတပ်မြို့သို့ တပ်ချိန်းရန် မင်းတပ်-ကျောက်ထုလမ်းအတိုင်းတက်လာသော အကမြ်းဖက်စစ်သားများကို လမ်းပိုင်းတ နေရာတွင် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို CDF Mindat ၊ CDF –Kanpetlet ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ (The Youth Force) နှင့် ဂန့်ဂေါခရိုင် တပ်ရင်း ၈ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF- Kanpetlet က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article