မြိတ်မြို့၊ NLD လွှတ်တော်အမတ် ဦးမင်းဇော်တင့်၏ အစ်ကို ဖြစ်သူကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိက်စက်သတ်ဖြတ်
ရန်ကုန်| ဇွန် ၁၈
အမျိုးသားဒီမိုကရေစီးအဖွဲ့ချုပ် NLD မြိတ်မြို့နယ်မှ ၂၀၂၀ ခုနှစ်၏ ရွေးကောက်ပွဲတွင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ အစ်ကို ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ၁၀ ရက် အကြာတွင် သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများ က ပြောသည်။
ဇွန်လ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ နောက်လယ် (၁၁) လမ်းရှိ နေအိမ်တွင် စစ်ကောင်စီက မိသားစုဝင် သုံးဦးကို ဝင်ရောက် ဖမ်းဆီးခဲ့ရာတွင် ဦးမင်းဇော်တင့်၏ အစ်ကို သေဆုံးခဲ့သူ ဦးတင်သန်းဦး လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ဦးမင်းဇော်တင့်၏ အစ်ကို ဦးတင်သန်းဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၁၀ ရက် အကြာ စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများ က ပြောသည်။
နောက်လယ်ရပ်ကွက်နေ သေဆုံးသူ၏ မိသားစုဝင် တစ်ဦးက “စစ်ရင်းမေးရင်း လုပ်နေတဲ့အချိန်မှာသေဆုံးသွားတာလို့ ပြောတယ်။ နှလုံးရောဂါအခံနဲ့ အမောဖောက်ပြီး သေသွားတယ်ဆိုပြောပြီးတော့ ပြောတာပါ။ ဖမ်းဆီးခံရစဉ်က ဦးတင်သန်းဦး အပါဝင် အမျိုးသမီး နှစ်ဦးလည်း ပါတယ်”ဟုပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့် သုံးဦးထဲက အမျိုးသမီး နှစ်ဦးကို ပြန်လွတ်ပေးခဲ့ပြီး ဦးတင်သန်းဦးကိုမူ PDF အဖွဲ့စည်းနှင့် အဆက်သွယ် လုပ်ထားကြောင်း စွပ်စွဲချက်ဖြင့် စစ်ကြောရေးတွင် ပြင်းပြင်း ထန်ထန် ရိုက်နက် စစ်ဆေးခဲ့ရာမှ သေဆုံးခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများမှ ပြောသည်။
“ဦးတင်သန်းဦး ဆုံးသွားပြီးလို့ မနေ့က သင်္ချိုင်းမှာ မီးသဂြိုင်္လ်ခါနီးမှ စစ်တပ်က အကြောင်းကြားလာမှ သိရတယ်”ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
အသက် ၅၂ နှစ် အရွယ် ဦးတင်သန်းဦးအား စစ်ကောင်စီ စစ်ကြောရေးတွင် ရိုက်နှက် စစ်ဆေးမှုကြောင့် ခန္ဒာကိုယ်မှာ သံပူကပ် စစ်ဆေးထားသည့် အပြင် လက်ကျိုးဒဏ်ရာနှင့် ပါးစောင်းသည်လည်း ရိုက်နှက်ခံရမှုကြောင့် ရွှဲနေကာ ဒဏ်ရာပြင်ထန်ရပြီး သေဆုံးနေသည့် အရုပ်အလောင်းကို တွေ့ခဲ့ရသည်ဟု မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ညီဖြစ်သူနှင့် ပတ်သက်ပြီး ယခုကဲ့သို့ စစ်ကောင်စီက အညိုထားပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။
စစ်ကောင်စီနှင့် နီးစပ်သူ တစ်ဦးက “ဦးတင်သန်းဦးကို စစ်ကြောရေးမှာ ရိုက်နှက် စစ်ဆေးပြီး လက်လွန် သေဆုံးသွားတာပါ။ အဲ့ဒါကို ဆုံးသွားပြီးမှ စစ်ဆေးရုံကို ပို့ဆောင်ပြီး ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ မီးသဂြိုင်္လ်ခါနီးမှ မိသားစုဝင်တွေကို အသိပေးခဲ့တာ ဖြစ်တယ်”ဟုပြောသည်။
ဦးတင်သန်းဦး၏ ညီဖြစ်သူ ဦးမင်းဇော်တင့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သည်။
ဦးတင်သန်းဦး၏ ညီဖြစ်သူ ဦးမင်းဇော်တင့် သည် တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ၂၀၂7၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ရွေးကောက် တင်မြှောက်ခံသူ တစ်ဦးသည်။
အလားတူ မြိတ်မြို့ နောက်လယ်ရပ်ကွက် (၁) လမ်းတွင် ထမင်းဆိုင် ဖွင့်ထားသည့် ဦးပြည့်စုံဦး (ခ) တီတီကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်သွားပြီး နောက် ၃ ရက် အကြာမှ စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သေးသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာ မိတ်ဖြစ်သည်။)