မုံရွာတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် မုံရွာသပိတ်အင်အားစုမှ ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၁၈
မုံရွာမြို့တွင် လူထုခေါင်းဆောင်၊ နိုင်ငံတော်တိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၇၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် မုံရွာသပိတ်အင်အားစုမှ ယနေ့ ဇွန် ၁၈ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
မတရား ဖမ်းဆီး အကျဉ်းကျခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၊သမ္မတကြီးဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အကြမ်းဖက် စစ်ကောင်စီအနေနှင့် ပြန်လွှတ်ပေးရန်၊ နိုင်ငံတော်အာဏာကို ပြည်သူလူထု လက်ထဲ ပြန်ထည့်ပေးရန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆိုင်ရာဆုံးဖြတ်ချက် (Resolution 2669)ကို လက်တွေ့အကောင် အထည် ဖော်ပေးရန်အတွက် မုံရွာသပိတ်အင်အားစုက တိုက်တွန်းခဲ့သည်။