ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်ကြောင်းနှင့် စစ်ကားကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကားကို ၂ ကြိမ်မိုင်း ဆွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ဗိုလ်မှူး ၁ ဦးအပါအဝင် ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Black Wolf –Army ထံမှ သိရသည်။
ဇွန်လ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်က ကျောက်မြောင်းမြို့ရှိ ခမရ ၁၂ တပ်အတွင်းမှ အင်အား ၃၀ ခန့် တင်ဆောင်ပြီး ထွက်ခွာလာသော ကားတစ်စီးသည် ရွှေဘို-ကျောက်မြောင်း လမ်းပိုင်း တစ်နေရာတွင် ရပ်တန့်ပြီး ခြေလျင် စစ်ကြောင်းဖြင့် ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် နံနက် ၈ နာရီခွဲခန့်တွင် ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်အတွင်းမှ ဟွန်ဒါဖစ်အဖြူရောင် ယာဉ်ဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်းထပ်မံထွက်ခွာလာသော အကြမ်းဖက်စစ်သား ၇ ဦးကို မောက်တက်ရွာအနီးအရောက် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ်များဖြစ်သည့် WHO AM I ARMY ၊ တိုက် နယ် ပကဖ ၄ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်ခဲ့ကြောင်း BLACK WOLF – ARMY မှ ထုတ်ပြန်ထားသည်