32 C
Yangon

ရေစကြို PDF တပ်ခွဲ ကင်းစခန်း ၁ ခု စီးနင်းခံရပြီး ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီး ပစ်သတ်

Must read

ရေစကြို PDF တပ်ခွဲ ကင်းစခန်း ၁ ခု စီးနင်းခံရပြီး ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီး ပစ်သတ်

ရန်ကုန်၊ ဇွန် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို PDF တပ်ခွဲ ကင်းစခန်း ၁ ခု ဝင်ရောက် စီးနင်းခံရပြီး ရဲဘော် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က အင်အား ၄၀ ခန့်ဖြင့် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ကင်းစခန်းအနီးသို့ ချဉ်းကပ်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းသမားများမှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အင်အားမမျှသဖြင့် နောက်ဆုတ်ခဲ့ရကာ စခန်း စီးနင်းသိမ်းပိုက်ခံလိုက်ရကြောင်း၊ စခန်းသိမ်းပိုက်ခံရမှုကြောင့် ရဲဘော် ဂျင်း ဘီ ဖမ်းဆီးခံလိုက်ရပြီး စခန်းအတွင်း ရှိ ကားတစ်စီးကို မီးရှို့ဖျက်ဆီးကာ တပ်ဖွဲ့ယူနီဖောင်းများကို သိမ်းယူသွားကြောင်း သိရသည်။

“၁၂ ရက်နေ့ ညနေ ကတည်းက အောင်မိုးလမ်းခွဲကို ရောက်လာတဲ့ စစ်ခွေးတွေက နောက်နေ့မနက် ၄ နာရီခွဲလောက်မှာ စခန်းကိုချဉ်းကပ်လာတာ၊ ကင်းသမားတွေက အရင်မြင်လို့ ပစ်ခတ်ခဲ့ပေမယ့် ပြန် မဆုတ်ပဲ တဖြည်းဖြည်းချင်း စခန်းကို ကပ်လာတာ၊ အဲဒီအချိန်မှာ ရဲဘော်ဂျင်းဘီက အိပ်ပျော်နေတာ၊ သူ့ကို နှိုးပေမယ့် စစ်ခွေးတွေက အနီးနားရောက်နေပြီး ဖမ်းခံလိုက်ရတာ၊ တပ်ထဲကို ဖမ်းသွားပြီးတော့ ၁၆ ရက်နေ့က သတ်ပြီး အလောင်းကိုချင်းတွင်းမြစ်ထဲမျှောပစ်လိုက်တာ၊ အလောင်းကို သွားဆယ်ပြီး တစ်ခါတည်း မီးသင်္ဂြိုလ်ပေးလိုက်တယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရ ကြောင်း၊ တပ်ဖွဲ့စခန်းအတွင်းမှ သိမ်းယူသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်း များကို ဝတ်ဆင်ကာ အောင်မိုးလမ်းခွဲနှင့် ရွာငယ်ကျေးရွာကြားတွင် ကင်းပုန်းဝပ်နေကြောင်း၊ ယင်း အကြမ်းဖက်စစ်သားများကို ဒရုန်းများ၊ ၆၀ မမ များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရသေးကြောင်း၊ ထို့ကြောင့်မိဘပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်နေထိုင်ပေးကြပါရန် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article