27 C
Yangon

ကိုရီးယားတွင် ဒေါ်အောင်ဆန်းစုကြည် ၇၈-နှစ်မြောက်မွေးနေ့ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲပြုလုပ်

Must read

ကိုရီးယားတွင် ဒေါ်အောင်ဆန်းစုကြည် ၇၈-နှစ်မြောက်မွေးနေ့ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈

ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ယနေ့ ဇွန် ၁၈ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈-နှစ်မြောက်မွေးနေ့ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ကျင်းပခဲ့ပြီး ကိုရီးယားရောက် မြန်မာနိုင်ငံသား ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

မွေးနေ့ဆန္ဒပြပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ သဝဏ်လွှာကို ဖတ်ကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က တော်လှန်ရေးမိန့်ခွန်း ပြောကြားပြီး ဒယ်ဂူးဆရာတော် ဦးဝိသုတနှင့် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များက တော်လှန်ရေးအားပေးစကား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article