26 C
Yangon

မြိုင်တွင် စစ်ကြောင်းနှင့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး စစ်ကားတစ်စီး ပျက်စီး၊ ကသာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

Must read

မြိုင်တွင် စစ်ကြောင်းနှင့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး စစ်ကားတစ်စီး ပျက်စီး၊ ကသာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ရန်ကုန်၊ ဇွန် ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်(ပျူ)ရွာမှ ထွက်လာသောအကြမ်းဖက် စစ်သား၊ ပျူစောထီး စစ် ကြောင်းနှင့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ကား တစ်စီးပျက်စီးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်က အဆိုပါ အကြမ်းဖက်စစ် ကြောင်း နှင့် စစ်ကား ၂ စီးကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်မိုင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန် တပ်ဖွဲ့) ၊ အလင်းတန်း ပြောက် ကျားတပ်ဖွဲ့၊ KMDF (ကမ္မကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ် ကသာမြို့နယ်၊ မင်္ဂလာသုခ ကျေးရွာတွင် ညအိပ်တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၈ နာရီခန့်က မင်္ဂလာသုခကျေးရွာမှ နောက်ပြန် ဆုတ်လာသော အကြမ်း ဖက်စစ်သားများကို KIA ၊ မြို့နယ် ပကဖနှင့် မိုးတာ တိုက် နယ် ပကဖတို့ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဓာတ်ပုံ- မြိုင်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပျက် အစီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article