ကလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အကြို လူထု လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၈
ကလေးမြို့တွင် ဒေသပြည်သူများနှင့် သပိတ် ကော်မတီများ ပူးပေါင်းကာ ယနေ့ ဇွန်လ ၁၈ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အကြို လူထု လှုပ်ရှားမှု ပြုလုပ် သိရသည်။
အဆိုပါ လှုပ်ရှားကို ကလေးမြို့သပိတ် အင်အားစုများ၊ ပြည်သူများ၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီနှင့် လက်ပံတောင်းတောင် လူထုသပိတ်ဦး ဆောင်ကော်မတီအဖွဲ့ဝင်ရဲဘော်များနှင့်အတူပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။