ယင်းမာပင်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၁၈
ယင်းမာပင်မြို့နယ်တွင် ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းနှင့် သပိတ် အင်အားစုများ ပူးပေါင်းကာ ယနေ့ ဇွန်လ ၁၈ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ကယ်တင်မရှာ ဒို့ကျေးရွာသပိတ်၊ ရွှေဥက္ကံသပိတ်၊ ပြည်သူ့အားမာန်သပိတ်ရဲဘော်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။