ကလေးမြို့နယ်တွင် ဒေါ်ဆောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အဖြစ် လူထု လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၉
ကလေးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ကလေးမြို့နယ် သပိတ်ကော်မတီ၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီ၊ လက်ပံတောင်းတောင် လူထုသပိတ် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် ဒေသ ပြည်သူများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။