အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၉
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “တိုင်းပြည်မိခင်ကြီး၏ ၇၈ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ ကျော်တိုင်အောင် သက်ရှည်ကျန်းမာဘေးရန်ကွာပါစေ အဓမ္မလူတစုအချုပ်အနှောင်မှအမြန်လွတ်ကင်းပါစေ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။


