30 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်းကို ဗုံးပစ်သွင်း တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ ခင်ဦးနှင့် ကျိုက်ထိုတွင် စစ်ကြောင်းနှင့် ရဲစခန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်းကို ဗုံးပစ်သွင်း တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ ခင်ဦးနှင့် ကျိုက်ထိုတွင် စစ်ကြောင်းနှင့် ရဲစခန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားသော နန်းတော်ရာအတွင်းသို့ နေရာ ၃ နေရာမှ လက်ပစ်မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်က နန်းတော်အတွင်း၌ တပ်စွဲပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ် စက်နေသော အကြမ်းဖက်စစ်သားများကို နေရာ ၃ နေရာခွဲ၍ လက်ပစ်မိုင်း ၅ လုံးဖြင့် တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းခွဲ တိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ရှိ ပြည်သူများကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရ သည်။

“အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့ လက်ဆောင်အဖြစ် သွားပြီး တိုက်ခိုက်ခဲ့တာ၊ လေးငါးခြောက် ယောက်စုနေတဲ့ နေရာကျကို ကျတဲ့မိုင်းက ပိုပြီးထိရောက်သွားတယ်လို့ သိရတယ်၊ ဂိတ်ရော၊ အတွင်း ရော ၃ နေရာကို ပစ်ဖောက်ခွဲခဲ့တာပါ၊ ရိုက်နှက်ဖမ်းဆီးခံရတဲ့ပြည်သူတွေတော့ ညနေပိုင်း ပြန်လွှတ်ပေး တယ်လို့တော့ ကြားတယ်၊ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်းအမှတ် ၂၃၊Naung Yoe Army တပ်ခွဲ ၁ နှင့် ရွှေဘိုကျားကြီး ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက်စစ် သား များကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Future Hero PDF တပ်ဖွဲ့ထံမှ သိရ သည်။

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၉ နာရီခန့်က ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာကို မီးရှို့ပြီး လယ်တောကြား မှ သရက်ကုန်းကျေးရွာသို့ ထွက်လာစဉ် လမ်းပိုင်းတနေရာအရောက် စနိုက်ပါ ၃ လက်ဖြင့် ချုံခိုတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ကင်းပစ်ကျေးရွာအတွင်းသို့ ဝင်ရောက် စဉ်ကလည်း တိုက်မိုင်း ၃ နေရာမိပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို အထမ်းတစ်ခုဖြင့် ထမ်းသယ်သွား ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်ချောင်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF တပ် ဖွဲ့ထံမှ သိရ သည်။

ယနေ့ ဇွန်လ ၁၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကင်းမွန်း‌ ချောင်းရဲစခန်းအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ PDF ၊ KNU/KNLA ၊ TPDF၊ PPDF- KD ၊ Yangon Eagle Force တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article