အီတလီနိုင်ငံ၊ ပါးမားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲ နှင့် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၉
အီတလီနိုင်ငံ၊ ပါးမားမြို့ရှိ San Francesco del Prato ဘုရားကျောင်းကြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲ နှင့် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို “Giuseppe Malpeli” Italy Burma Friendship Association မှ ဦးဆောင် ပြုလုပ်ခဲ့ပြီး ဘုရားကျောင်း အတွင်း လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် နှင်းဆီနီ ၇၈ ပွင့်ကို ပြင်ဆင်ထားရှိခဲ့ပြီး အစီအစဥ်အပြီးတွင် မွေးနေ့ကိတ်မုန့်ခွဲခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ အီတလီရောက် မြန်မာများမှလည်း ဆုတောင်းခြင်း အစီအစဥ်တွင် ပူးပေါင်းပါဝင်ကာ ကိတ်မုန့် မခွဲမီ မိငယ်သီချင်းကို အတူ သီဆိုခဲ့ကြောင်း၊ အီတလီနိုင်ငံအနှံ့ရှိ မြန်မာနိုင်ငံသားများကလည်း လူထုခေါင်းဆောင်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်၊ သီချင်းသပိတ်များတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရသည်။