စစ်တပ်လက်အောက်ခံ မြန်မာ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ် နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် တို့ကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ မည်
■ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ပို့ကုန် သွင်း ကုန်များနှင့် သင်္ဘောသားလုပ်ခ လစာများ အပါအဝင် မြန်မာ့ စီးပွား ရေး တစ်ခုလုံး အကြီး အကျယ် ထိခိုက် သက် ရောက်နိုင်ပြီး ဒေါ်လာတန်ဖိုး တဟုန်ထိုးမြင့် တက်နိုင် ဖွယ်ရှိ
ရန်ကုန်၊ ဇွန် ၁၉
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြားကုန်သွယ်မှု ဘဏ်၊(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ ကို အမေရိကန်က စီးပွားရေးပိတ်ဆို့အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေ စိုက် Thai PBS သတင်းဌာနက သတင်းရေးသားဖော်ပြသည်။
အမေရိကန်အစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအပေါ် ပိုမို ဖိအားပေး ဒဏ် ခတ် ပိတ်ဆို့ အရေးယူနိုင်ရေး ဇွန်လ ၂၀ ရက်နေ့ မှစတင်ပြီး စစ်ကောင်စီ လက်အောက်ခံ ဘဏ်နှစ်ခု ကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု စတင် လုပ် ဆောင် မည်ဖြစ်ကြောင်း သံတမန်အသိုင်းအ၀ိုင်း ကို ကိုးကား၍ သတင်းဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြား ဝင်ငွေ ရရှိမှုနှင့် ဘဏ္ဍာရေးစီးဆင်းမှုကို ထိန်းချုပ် ကန့်သတ်ရန် ရည်ရွယ်သော အမေရိကန်၏ ပိတ်ဆို့မှု အသစ်ကြောင့် စစ်ကောင်စီတွင် နိုင်ငံခြားဝင်ငွေ ရရှိမှု ထိခိုက်မည်ဖြစ်ပြီး ယင်းဘဏ်နှစ်ခုနှင့် ချိတ်ဆက်၍ ငွေအသွင်းအထုတ် လုပ်ကိုင်ရသော ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းများ၊ သင်္ဘောသားဝင်ငွေများအားလုံး ထိခိုက်နိုင်မည်ဟု ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။
“ပို့ကုန်၊ သွင်းကုန်အတွက် ငွေစာရင်းဖွင့်ရတာ၊ နောက်တစ်ခါ ဒီမှာလာပြီး ရင်းနှီး မြှုပ်နှံတဲ့ ပြည်ပ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ကလည်း အဲဒီ ဘဏ် နှစ်ခုမှာပဲ ဘဏ်အကောင့်ဖွင့်ပြီး ငွေပြောင်းငွေလွှဲလုပ်ရတယ်။ နောက် တစ်ခါ သင်္ဘောသား လုပ်ခလစာတွေက လည်း အဲဒီကို ပြန်လွှဲပြီး ငွေပြန် သွင်းရတာ၊ ပြီးမှ မြန်မာငွေ ပြန်ယူရတာမျိုးတွေရှိတယ်။ အထည်ချုပ် လုပ်ငန်းတွေ အခြား လုပ်ငန်းတွေအားလုံးပါ ထိမယ်ခင်ဗျ။ အဲဒီဘဏ် ၂ ခုကိုသာ တကယ်ပိတ် ဆို့ တာ သေချာရင်တော့ မြန်မာပြည်တွင်းကို နိုင် ငံခြားငွေစီးဆင်းမှု လမ်းကြောင်း တစ်ခုလုံး ပိတ်ဆို့ခံရတာပဲ။ ဒေါ်လာလိုအပ် ချက်နဲ့ ဒေါ်လာတန်ဖိုး တွေက တော့ တဟုန်ထိုးတက်လာနိုင်ခြေရှိပါတယ်။ အကျိုးဆက်နဲ့ နောက်ဆက်တွဲ ဂယက်တွေကတော့ ဘယ်လောက် ပြင်းထန် ကြီးမားမလဲကို စောင့်ကြည့် ရမယ်” ဟု ပြည်တွင်း စီးပွားရေးသမားတစ်ဦးက ဆိုသည်။
အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် အတိုင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖိအားပေးမှု အဖြစ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြင်းပြင်းထန်ထန် ဆက်လက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ယခုရက်ပိုင်းအတွင်စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် ပြည်တွင်းတွင် အမေရိကန် တစ်ဒေါ်လာ ငွေကျပ် ၃၀၀၀ ကျော်ရှိ နေရာ ယင်းသတင်းကြောင့် ဒေါ်လာတန်ဖိုး မြင့်တက်သွားနိုင်သည်ဟု စီးပွား ရေး အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုကြသည်။

