စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူ သန်းချီ ဒုက္ခသည်အဖြစ် ရောက် ရှိနေရမှုအတွက် အာဆီယံရုံးရှေ့တွင် စစ်ကောင်စီကို အင်ဒိုနီးရှား ပြည်သူ များက ဆန့်ကျင်ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၂၀
ယနေ့ ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့ World Refugee Day တွင် LOCOA အဖွဲ့ဝင် အင်ဒိုနီးရှားမှ ပြည်သူများက စစ်အာဏာရှင်ကြောင့် အတိဒုက္ခရောက်နေကြရသည့် မြန်မာပြည်သူများအတွက် အာဆီယံ ရုံးရှေ့တွင် စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြကြသည်။
မြန်မာပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံ တကာက စစ်ကောင်စီကို အရေးယူရန် တောင်းဆိုကြပြီး အင်ဒိုနီးရှား ပြည်သူ များက အဖိနှိပ်ခံ မြန်မာပြည်သူ များနှင့်အတူ ရပ်တည်ကြောင်း ပြသကြသည်။