32 C
Yangon

မန္တလေးမြို့ရှိ အမှတ် ၄ ရဲစခန်းကို ဗုံးခွဲတိုက်ခိုက်၊ ရေးမြို့တွင် ပြည်သူ့စစ် ၁ ဦးပစ်ခတ်ခံရပြီး သေဆုံး

Must read

မန္တလေးမြို့ရှိ အမှတ် ၄ ရဲစခန်းကို ဗုံးခွဲတိုက်ခိုက်၊ ရေးမြို့တွင် ပြည်သူ့စစ် ၁ ဦးပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၀

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၉ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ အမှတ် ၄ ရဲစခန်းအား ဗုံးခွဲတိုက် ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက် ည ၈ နာရီခန့်က လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် အစစ်အဆေးများ၊ ကင်းပုန်းများ အထပ်ထပ်ချထားသည့်ကြားမှ ဝင်ရောက် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

“ထိခိုက်စာရင်းက တိတိကျကျ မသိရသေးဘူးဗျ၊ မနေ့ညက ဖောက်ခွဲမှုပြီးတဲ့အချိန်မှာ လူနာတင်ကား ဝင်သွားတယ်၊ ဝိုင်ယာလက်ကား မီးမဖွင့်ပဲမောင်းသွားတာရယ်၊ ငိုသံတွေလဲ ကြားရတယ်ဆိုတာတော့ သတင်းကြားထားရတယ်၊ နောက်တစ်ခု သတင်းကလည်း ဆိုင်ကယ်ပျက်စီးတာတွေရှိတယ်၊ လူထိခိုက် မှုမရှိဘူးလို့လဲ သတင်းကြားတယ်၊ သူတို့ဘက်က ဘာမှ မဖြစ်သလို သတင်းကိုဖုံးအောင်လို့ လွှင့်တာ လားတော့ မသိဘူး” ဟု No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများမှ ရဲစခန်းအနီးရှိပြည်သူများကို ဖမ်းဆီး ရိုက်နှက်ကာ စစ်ဆေးခဲ့ကြောင်း၊ မသင်္ကာသူ လူငယ်တစ်ဦးကို ဖမ်းဆီးသွားသော်လည်း ယနေ့တွင် ပြန် လွှတ်လိုက်သည်ဟု သိရကြောင်း၊ No More Dictatorship People Defence Force တပ်ဖွဲ့အနေဖြင့် မစ်ရှင်ဖော်ဆောင်ရာတွင် ကုန်ကျသော ငွေကြေးလိုအပ်လျက်ရှိပြီး အကြွေးပါတင်နေသဖြင့် မိဘပြည်သူ များမှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်း တောင်ပိုင်းရွာတွင် ပြည်သူ့စစ် အဖွဲ့ဝင် ရဲဝင်းနိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရေးဘီလူး အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရေးမြို့နယ်၊ ကျောက်မိချောင်း တောင်ပိုင်း ရွာရှိ ပြည်သူ့စစ် အဖွဲ့ဝင် ရဲဝင်းနိုင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article