မုံရွာ-အမြင့်လမ်း သပိတ် အင်အားစုများက ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၂၀
မုံရွာ-အမြင့်လမ်း သပိတ် အင်အားစုများနှင့် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၀ ရက်နေ့၌ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲကို မုံရွာ-အမြင့်လမ်း သပိတ် ဦးဆောင်ကော်မတီနှင့် မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များက သွားရောက် ပူးပေါင်း ဝန်းရံပေးခဲ့ကြောင်း သိရှိရသည်။