33 C
Yangon

ပခုက္ကူနှင့် မြိုင် မြို့နယ်တို့ရှိ စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် ပျူစောထီး ယာဥ်တန်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ပခုက္ကူနှင့် မြိုင် မြို့နယ်တို့ရှိ စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် ပျူစောထီး ယာဥ်တန်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် ပျူစောထီးယာဥ်တန်းတို့ကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာနှင့် အနောက်ချောက်ကန်ရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Bumar Revolution Ranger၊ဇာမဏီdorneတပ်ဖွဲ့၊Chauk Guarrilla Force/Black Daragon၊PPDF၊ မြိုင်တပ်ရင်း ၁ နှင့် တပ်ခွဲ ၃ ဗိုလ်တစ်ထောင်ပျောက်ကျားအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တော်လှန်‎ရေး ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင်လည်း မြိုင်သို့ ဈေးဝယ်လာသည့် ကန်နီရွာမှ ပျူစောထီးများကို ဗုံးသီး ၅ လုံးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့​ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ Drone တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း-၁ တပ်ခွဲ-၁ နှင့် တပ်ရင်း-၂ တပ်ခွဲ-၃ တို့က ပူးပေါင်း တိုက်ခိုက် ခဲ့​ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ကန်နီမှ မြိုင် သို့ ဈေးဝယ်လာသည့် ပျူစောထီးများသည် နံနက် ၉ နာရီ ၅၀ မိနစ်၊ နံနက် ၁၀ နာရီ ၂၃ မိနစ်၊ နံနက် ၁၀ နာရီ ၄၁ မိနစ်နှင့် မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် မြိုင် ပကဖ တပ်ရင်း-၂ ဗိုလ်လင်းမြွေ အဖွဲ့က တိုက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်တွင် သဲကျွန်းနှင့်သံပုရာခြံ အကြားတွင် ပျူစောထီး ကား ၆ စီးပါ ယာဥ်တန်း၏ ပထမဆုံး Faw ကားကို ပေပါမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင်လည်း သံပုရာခြံရွာနှင့် ကျောင်းကုန်းရွာ အကြားတွင် ပျူစောထီး ကား၂ စီးကို ပေပါမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ Faw ကားများ ပျက်စီးကာ ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ပျူစောထီးများ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ဒဏ်ရာရ ပျူစောထီးများကို ကန်နီရွာသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article