Khit Thit သတင်းဌာန၏ ဇွန် ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေး ဘဏ် MICB တို့ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ဖို့ ရှိနေဆိုတဲ့ သတင်းကြောင့် မြန်မာ့ စီးပွား ရေးလောကကို ပြင်းထန်စွာ ရိုက်ခတ်နေတယ်လို့ UMFCCI စီးပွားရေး လုပ်ငန်း ရှင်တချို့ဆီက သိရပါတယ်။
-မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းမှာKNLA၊ PDF ပူးပေါင်း စစ်ကြောင်းက စစ်ဆေးမှု တွေပြု လုပ်နေစဥ် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
– ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားအများအပြား ၁၀ နှစ် နေထိုင်ခွင့်ကတ်တွေကို ထိုင်းအာဏာပိုင်တွေဆီမှာ လာဘ်ငွေပေးကာ ရယူမှုတွေ စစ်ဆေးပေါ်ပေါက်ပြီးနောက် ၁၀ နှစ်ခံ ကတ် ထုတ်ပေးမှုတွေအားလုံး ရပ်ဆိုင်းလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။