27 C
Yangon

ရေးမြို့နယ်၊ အောင်လံနှင့် မူဆယ်တို့တွင် ပျူစောထီး၊ ပြည်သူ့စစ်၊ ကြံ့ဖွတ် ပါတီဝင် အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေးမြို့နယ်၊ အောင်လံနှင့် မူဆယ်တို့တွင် ပျူစောထီး၊ ပြည်သူ့စစ်၊ ကြံ့ဖွတ် ပါတီဝင် အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တို့တွင် ပျူစောထီး၊ ပြည်သူ့စစ်၊ ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ် ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊ ရေးမြိုနယ်၊ ကျောက်မိချောင်း (တောင်)ကျေးရွာနေ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ရဲနိုင်ဝင်းကို ရေးဘီ လူး အဖွဲ့က ပစ်ခတ်ရာ သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ထားသည်။

အလားတူ ဇွန် ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့် မကွေး တိုင်း၊ အောင်လံမြိုနယ်၊ ရွှေပန်းတောအခြေစိုက် အင်းလယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး မြင့်ဦးသည် ဆိုင်ကယ်ဖြင့် နေအိမ်သို့ အပြန် ပေါက် ပင်ကွင်းနေရာအရောက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ဦးမြင့်ဦးက ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးလိုလို ဘာလိုလိုသူ့ကိုယ်သူ မြောက်ကြွ မြောက်ကြွဖြစ်နေတာ။ ဘုရားလိုလို တရားလိုလိုကတော့ အမြဲလုပ်တယ်။ ပြီးတော့ ပြည်သူတွေကို စစ်တပ်လက်ထဲ လိမ်လည်တိုင်ပြီး အပ်တာလည်း သူပဲ။ ရွာက လူငယ်တွေကတော့ ရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်ရှိ “မြိုကြီးသား” ခေါက်ဆွဲဆိုင်တွင်ထိုင်နေသော စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ် ခေါင်းဆောင် ကိုလေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဦးကိုလေး ပစ်သတ်ခံရသည့် ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ်က လက်ရှိအချိန်အထိ တရားခံဖမ်းဆီးမိ ရရှိခြင်း မရှိသေးဟု သိရှိရသည်။

ဓာတ်ပုံ- ရေးမြို့နယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြည်သူ့စစ် ရဲနိုင်ဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article