25 C
Yangon

စစ်တပ်၏ MFTB ဘဏ်နှင့် MICB ဘဏ် တို့ကို အမေရိကန် က ဒဏ်ခတ် ပိတ်ဆို့မှုကို တော်လှန်ရေး အင်အားစုများက ကြိုဆိုပြီး MOGE ကို ထပ်မံ အရေးယူ ပေးရေး တောင်းဆို

Must read

စစ်တပ်၏ MFTB ဘဏ်နှင့် MICB ဘဏ် တို့ကို အမေရိကန် က ဒဏ်ခတ် ပိတ်ဆို့မှုကို တော်လှန်ရေး အင်အားစုများက ကြိုဆိုပြီး MOGE ကို ထပ်မံ အရေးယူ ပေးရေး တောင်းဆို

ရန်ကုန်၊ ဇွန် ၂၂

စစ်တပ်လက်အောက်ခံ MFTB ဘဏ်နှင့် MICB ဘဏ် တို့ကို အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုကရာ ယင်းဒဏ်ခတ်မှုကို စစ် အာဏာရှင် တော်လှန်ရေး အင်အားစုများက ကြိုဆိုကြောင်း ကြေညာ ချက်ထုတ်ပြန်သည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)၊ Blood Money Campaign သွေးစွန်း ငွေဖြတ်တောက်ရေး လှုပ်ရှားမှု၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန် ရေးလှုပ်ရှားမှုအဖွဲ့ ၃ ခုက အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို ကြိုဆိုလိုက်ပြီး MOGE မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ဆက်လက်ပိတ်ဆို့ရန် တောင်းဆိုကြသည်။

စစ်အာဏာရှင်တော်လှန်ရေး အင်အားစု ၃ ခု၏ ကြေညာချက်တွင် အကြမ်းဖက် မြန်မာစစ်တပ်သည် အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ သတ် ဖြတ် နေသော လူသတ်ယန္တရား ဖြစ်ကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေအပါအဝင် အခြားသောလုပ်ငန်းကြီးများနှင့် ကဏ္ဍ အသီးသီးမှ ဝင်ငွေများသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှတစ်ဆင့် အကြမ်း ဖက် စစ်တပ်ထံသို့ စီးဝင်ပြီး ထိုဝင်ငွေများသည် အကြမ်းဖက်စစ်တပ်၏ အကြမ်း ဖက်ခြင်းလုပ်ဆောင်ချက်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီ ထောက် ပံ့ပေးနေကြောင်း ရေးသားထားသည်။

အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်အာဏာလုရန် စတင်ကြိုးစားသည့် အချိန်မှစ၍ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) သည် နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာ ကုမ္ပဏီကြီးများအား အကြမ်းဖက်စစ်တပ်ထံသို့စီးဝင်နေသောဝင်ငွေများ ဖြတ်တောက်ရန်နှင့် အကြမ်းဖက်စစ်တပ်အား အာဏာရရှိရန်နှင့် ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် ကူညီထောက်ပံ့ပေးနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အား အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးရန် အစဉ်တစိုက်တောင်းဆိုခဲ့ကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့အား အရေးယူပိတ်ဆို့လိုက်သည့် အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်အား အထူးပင်ဝမ်းသာ၍ ကြိုဆိုကြောင်း ပြောဆိုထားသည်။

ထိုလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံသားများအပေါ် သိသာထင်ရှားသော အပေါင်းလက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီရရှိရေး အားထုတ်ကြိုးပမ်းနေမှုအပေါ် များစွာကူညီထောက်ပံ့ရာရောက်ကြောင်း ၊မြေပြင်ရော အွန်လိုင်းတွင်ပါ လုပ်ဆောင်ခဲ့ကြသော အိတ်ဖွင့်ပေးစာပေးပို့သည့် ကမ်ပိန်းများ၊ တောင်းဆိုလွှာတွင် လက်မှတ်ရေးထိုးသည့် ကမ်ပိန်းများ၊ ဓာတ်ပုံကမ်ပိန်းများနှင့် ဆိုရှယ်မီဒီယာ ကွန်းမန့် ကမ်ပိန်းများ ကဲ့သို့ လှုပ်ရှားမှုများမှုများတွင်ပါဝင်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသော မိတ်ဖက် အဖွဲ့အစည်းအားလုံးနှင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား စိတ်နှလုံးအရင်းခံဖြင့်ပင် ဂုဏ်ပြုကျေးဇူးတင်စကားပြောလိုကြောင်း၊ ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် နောင်လာမည့် လှုပ်ရှားမှုများတွင် အတူတကွ ဆက်လက်ပူးပေါင်းလုပ်ဆောင်ပေးကြရန်လည်း အထူးပင် မေတ္တာရပ်ခံကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ အကြီးဆုံးဝင်ငွေရပေါက်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား အရေးယူပိတ်ဆို့ရန် ကျန်ရှိနေသေးဟု ထောက်ပြသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ရရှိနေသောဝင်ငွေများသည် အကြမ်းဖက်စစ်တပ်၏ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် မြေပြင်မှ တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွက် လိုအပ်သော လက်နက်ခဲယမ်းများဝယ်ယူရန်အတွက်သာမက ၎င်းတို့အတွက် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအား ဆက်လက်ကျူးလွန်ရန်အတွက် မောင်းနှင်ပေးနေသော အဓိကဦးစားပေး အရင်းအမြစ်ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်အစိုးရနှင့် အခြားသော နိုင်ငံတကာ အစိုးရများအနေဖြင့် အကြမ်းဖက်စစ်တပ်အား မြန်မာမြေပေါ်မှ လုံးလုံးလျားလျား ပပျောက်သွားစေရန်ရည်ရွယ်၍ ၎င်းတို့၏ရေသောက် မြစ်ဖြစ်သော မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား အရေးယူပိတ်ဆို့ပေးရန် စစ်အာဏာရှင် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article