Khit Thit သတင်းဌာန၏ ဇွန် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်MICB ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန် ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း မနေ့က တရားဝင်ထုတ်ပြန် ကြေညာလိုက်ပါတယ်။
– တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာသားတွေကို အကြမ်းဖက် စစ်တပ်က ရွာထဲမှာ နေထိုင်ဖို့ ခေါ်ပေမယ့် ပြန်လာသူတွေကို သေနတ်နဲ့ လိုက်လံ ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။
– မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာ အရှေ့ဘက် အထွက်လမ်းမှာ ပြည်သူ နှစ်ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးနှိပ်စက်ကာ ဗုံးနဲ့ ဖောက်ခွဲသတ်ဖြတ်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။