မြောင်မြို့မ ရဲစခန်းကို PDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု စစ်တပ် ဘက်မှ သေဆုံးထိခိုက်မှုရှိ
ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း၊မြောင်မြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ရဲစခန်းကို PDF တပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်စီးနင်း တိုက် ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိကြောင်း LPDF SINTGAING မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန် မြောင်မြို့ ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်သားများ၏ ထိခိုက် သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း LPDF SINTGAING က ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်များဘက်မှ ၆၀ မမ ၁၀ လုံး၊ ၁၂၀ မမ ၁၀ လုံး၊ လက်နက်ကြီး စိန်ပြောင်းများဖြင့် ပစ်ခတ်၍ ရဲစခန်းအတွင်း ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး နောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း LPDF SINTGAING ထံမှ သိရှိရသည်။
“ ပွဲဆက်ကဖို့ ကျည်လိုအပ်နေပါတယ်။ ပွဲဆက်ကဖို့ ကျည်သိပ်မကျန် တော့လို့ ပါ။ ပြည်သူတွေ ပို့သတဲ့ မေတ္တာကြောင့် အထိအခိုက် မရှိပြန် လည် ဆုတ် ခွာ နိုင် ခဲ့ပါတယ်” ဟု LPDF SINTGAING မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ပြောကြားသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို LPDF SINTGAING ၊ ရန်ရှင်း ဒေသကာကွယ် ရေး တပ်ဖွဲ့ ၊ စဥ့်ကိုင်မြို့နယ် ပကဖ၊ လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ – ၃)၊ Black Dragon( မုံရွာခရိုင် အမှတ်-၂၇ တပ်ရင်း )၊ အညာမြေ တိုက်နယ် တပ်ပေါင်းစု တပ်ဖွဲ့တို့ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများ လှည့်လည်နေကြစဉ်။ (ပုံအဟောင်းဖြစ်သည်။)
