အခေါက်ရွှေစျေး ၃၂ သိန်းဖြင့် စျေးစဖွင့်၊ အမေရိကန်တစ်ဒေါ်လာ ၃၁၀၀ ကျော်စျေးပေါက်သော်လည်း ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေ
ရန်ကုန်၊ ဇွန် ၂၂
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ အခေါက်ရွှေစျေး ငွေကျပ် ၃၂ သိန်း ဖြင့် စျေးစတင်ဖွင့်ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB တို့ကို အမေရိကန်က စီးပွားရေး ပိတ်ဆို့မှု ချမှတ်ပြီးနောက် စျေးကွက်တွင် စျေးဖွင့်ချိန် နောက်ကျခဲ့ပြီး ရွှေကုန် သည်နှင့် ရွှေလုပ်ငန်းရှင်အများစု လူမစုံကြောင်း၊ စျေးစဖွင့်ချိန်တွင် ၃၂ သိန်း ဖြင့် ဖွင့်ခဲ့သော်လည်း စျေးဖွင့်ပြီးနောက် ၃,၁၉၀,၀၀၀ စျေးအနည်းငယ် ကျသွား ကြောင်း၊ စျေးကွက်တွင်မူ အရောင်းအဝယ် နည်းပါးပြီး စောင့်ကြည့်နေသူ များ ပြား ကြောင်း သိရှိရသည်။
“ဈေးကွက်ကတော့ ပျောက်သလောက်ပဲ။ မလုပ်ရဲကြတဲ့သူများတယ်။ မကြာ ခင် ကလည်း အဖမ်းခံထားရတဲ့ ရွှေကုန်သည်တချို့ရှိနေတယ်။ အဲဒါတွေ ကိုစစ် ဆေးနေတော့ ကျန်တဲ့သူတွေပါ ရှောင်နေရတာ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။
အမေရိကန်ဒေါ်လာမှာမူ ၃၁၀၀ ကျော်တွင် စျေးဖွင့်ထားသော်လည်း ကြိုက် ရောင်း ကြိုက်ဝယ် စျေးကွက်ပုံစံဖြစ်ကြောင်း၊ ထိုင်း-မြန်မာငွေလဲစျေး ကွက်၊ တရုတ်-မြန်မာငွေလဲစျေးကွက်တွင်မူ မြန်မာကျပ်ငွေ တန်ဖိုးကျမှု မတည် ငြိမ်ဘဲ စျေးနှုန်းအပြောင်းအလဲ များပြားနေကြောင်း၊ အတက်အကျ ကြမ်း သည့်အတွက် စောင့်ကြည့်သူများပြားကြောင်း သိရှိရသည်။