30 C
Yangon

ဝက်လက်မြို့တွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ယင်းမာပင်ရှိ စစ်တပ် ကင်းပုန်းဝပ်လေ့ရှိသော ပျူစောထီး နေအိမ်ကို မီးရှို့ဖျက်ဆီး

Must read

ဝက်လက်မြို့တွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ယင်းမာပင်ရှိ စစ်တပ် ကင်းပုန်းဝပ်လေ့ရှိသော ပျူစောထီး နေအိမ်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Eagle Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် ခန့်တွင် ဝက်လက်မြို့မှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သဖန်းကုန်းရွာနှင့် တကောင်းမင်းရွာ အကြားအရောက်တွင် အဆင်သင့် ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ပြီး စစ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မိုင်းဆွဲ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အရပ်ခေါ် ဝက်သိုးချောင်းပေါ့၊ အဲနားကို ဆွဲတာ၊ ၄ ယောက်သေတာ မျက်လုံးနဲ့ကို မြင်လိုက်တာ၊ တစ် ပွိုင့်က၊ လွင့်စင်ကိုသွားတာ၊ ကျန်တဲ့ ၂ လုံးကလည်းထိတာက ထိတယ်၊ ပွိုင့်ဆွဲတဲ့ ရဲဘော်က ပြောမယ် ဆိုလို့ရှိရင် ဆွဲပြေးပြေးရတာ၊ ဘာဖြစ်လို့လဲ ဆိုရင် မြင်တော့ တောက်လျှောက်ပစ်တော့ ကိုယ်ဆွဲတဲ့မိုင်း ကို အသံပဲကြားလိုက်တာ၊ လှည့်ကို မကြည့်နိုင်ဘူး၊ ၄ ကောင်ကတော့ သေချာပေါက်သေတယ်” ဟု Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘို ခရိုင်အမှတ် ၁၅ တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်း ဝပ်လေ့ရှိသည့် ပျူစောထီး နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Fighter Brotherhood Guerrilla Army ထံမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဘန့်ဘွေးရွာမပျူစောထီးရွာ အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းဝပ်လေ့ရှိသော ပျူစောထီး နေအိမ်ကို Fighter Brotherhood Guerrilla Armyနှင့် ညီနောင်မဟာမိတ်များဖြစ်ကြသော ဝင်္ကပါပြောက်ကျားတပ်ဖွဲ့ ၊ Black Team ခရိုင်ရင်း၂၇ တပ်ခွဲ ၄ နှင့် Infinite Revolution Force (IRF) ခရိုင်ရင်း ၃၂ တပ်ခွဲ ၁ တို့က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article