30 C
Yangon

ဝက်လက်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး

Must read

ဝက်လက်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘို ခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇွန် ၂၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဝက်လက်မြို့မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဖန်းကုန်းကျေးရွာနှင့် တကောင်းမင်းကျေးရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် တကောင်းမင်းကျေးရွာမှ ဆိတ်ကျောင်းနေသော အသက် ၃၀ ရွယ် ကိုနိုင် စိုးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးကာ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်သတ်ဖြတ်ခဲ့ရာ ဦးခေါင်း ၃ ခြမ်းကွဲပြီး သေဆုံးသွားကြောင်း၊ ထို့အပြင် သစ်ပင်ပေါ်၌ တက်ရောက်ပုန်းနေသော အသက် ၅၀ အရွယ်ခန့်ရှိ ဦးစိန်မြင့်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

“နိုင်စိုးဆိုတဲ့ ကလေးက ဆိတ်ကျောင်းနေတာ၊ သူ့ကိုမိသွားတော့ သေနတ်နဲ့ ပစ်ဖောက်ပြီးတော့ ခေါင်း ကို သေနတ် ဒင်တွေနဲ့ ထုသွားတာ ၃ ခြမ်းကွဲသွားတယ်တဲ့၊ ဦးစိန်မြင့်ကကျတော့ သစ်ပင်ပေါ်တက်နေ တာ၊ ခွေးတွေက သိသွားပြီးတော့ပစ်ချသွားတာ၊ ဖိနပ်ပဲ သစ်ပင်အောက်မှာ တွေ့တာတဲ့၊ လူက ကန် ပေါင်ရိုးပေါ်ပြုတ်ကျနေတာ၊ အဲဒီနှစ်ယောက်က တကောင်းမင်းရွာက စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူ ၂ ဦးပါ” Eagle Guerrilla Force. ဗိုလ်ကောက်ရိုး ရွှေဘို ခရိုင်အမှတ် ၁၅ တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ မီးရှို့မှုကြောင့် တကောင်းမင်းရွာမှ နေအိမ်​ ၁၂ လုံး၊ ကျီးကန်ကျေးရွာမှ နေအိမ် ၃ လုံး ပြာကျခဲ့ပြီး စစ်ကြောင်းက လှတောကျေးရွာသို့ ဝင်ရောက်သွားကြောင်း၊ လှတောကျေးရွာမှ တဆင့် ကျီးကန်ကျေးရွာဘက်သို့ ပြန်လည်ဝင်ရောက်သွားပြီး ထပ်မံမီးရှို့နေကြောင်း သိရသည်။

Photo – ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ကျေးရွာ တစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article