27 C
Yangon

စစ်ကောင်စီလက်အောက်ခံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ Hack ခံထားရပြီး အပြာကားနှင့် ဖော်ချွတ်ဓာတ်ပုံများ နေ့စဉ်တင်သော်လည်း ပြန်ဆယ်ယူနိုင်ခြင်း မရှိသေး

Must read

စစ်ကောင်စီလက်အောက်ခံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ Hack ခံထားရပြီး အပြာကားနှင့် ဖော်ချွတ်ဓာတ်ပုံများ နေ့စဉ်တင်သော်လည်း ပြန်ဆယ်ယူနိုင်ခြင်း မရှိသေး

ရန်ကုန်၊ ဇွန် ၂၃

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဝန်ကြီးဌာန၏ Facebook စာမျက်နှာ Hack ခံထားရပြီး နေ့စဉ် အပြာကားနှင့် ဖော်ချွတ် ဓာတ်ပုံများဖော်ပြနေကာ စစ်ကောင် စီ ဘက်က ယင်း Facebook စာမျက်နှာကို ပြန်လည်ရယူနိုင်ခြင်း မရှိသေးကြောင်း နေပြည်တော် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

စစ်ကောင်စီ၏ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ Ministry of Cooperatives and Rural Development ၏ Facebook စာမျက်နှာဖြစ်သော https://www.facebook.com/profile.php?id=100072123774912 သည် ဇွန်လ ၁၉ ရက်နေ့ကတည်းက Hack ခံထားရ ကြောင်း၊ စစ်ကောင်စီဘက်က ယင်းစာမျက်နှာကို ပြန်လည်ရရှိရေး ကြိုးပမ်းနေသော်လည်း ပြန်လည် ဆယ်ယူနိုင်ခြင်းမရှိဘဲ နေ့စဉ် အပြာမယ်နှင့် ဖော်ချွတ် ဇတ်ကားများ တင်နေကြောင်း သိရှိရသည်။

“ဝန်ကြီးဌာနဘက်ကလည်း အဲဒီ Page ကို ပြန်ရဖို့ အစွမ်းကုန်လုပ်ပေမယ့်လည်း အခုထက်ထိ ပြန်မရသေးဘူး။ အခုဆိုရင် ၅ ရက်ရှိလာပြီ။ နေ့တိုင်း အပြာကားတွေ မပေါ်တပေါ်ပုံတွေ၊ အဖော်အချွတ် ဇတ်လမ်းလိုဟာမျိုးတွေ တင်နေတယ်။ ပြည်တွင်း Hacker လက်ချက် တော့မဟုတ်ဘူး။ Admin လုပ်တဲ့သူက ကိုယ်မသိတဲ့ Porn လိုဟာမျိုးရဲ့ လင့်တွေကို လိုက်နှိပ်ရင်းနဲ့ Hack ခံလိုက်ရတယ်လို့ ယူဆရပါတယ်” ဟု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ Facebook စာမျက်နှာများကို Facebook က ဖြုတ်ချပိတ်ပင်ထားချိန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ ရှားရှားပါးပါး ဆက်လက်ရပ်တည်ခွင့်ရရှိခဲ့သော်လည်း ယခုအခါ Hacker များ၏ လက်ချက်ဖြင့် အဖော်အချွတ် စာမျက်နှာကဲ့သို့ဖြစ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article