33 C
Yangon

ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ထွက်ပြေးသွားပြီးနောက် ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို စစ်တပ်က ပိတ်ဆို့ရှာဖွေနေ

Must read

ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ထွက်ပြေးသွားပြီးနောက် ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို စစ်တပ်က ပိတ်ဆို့ရှာဖွေနေ

ရန်ကုန်၊ ဇွန် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ထွက်ပြေးသွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို ပိတ်ဆို့ရှာဖွေနေလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ဇွန် ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ ရဲအုပ် ဇော်မင်းအောင်သည် နေ့စဥ် ပုံမှန် တန်းစီချိန်တွင် လာရောက်ခြင်းမရှိသောကြောင့် နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကို က ၎င်းနေထိုင်သည့် နေအိမ်လိုင်းခန်းကို သွားရောက် ရှာဖွေစဥ် နေအိမ်လိုင်းခန်းအတွင်း ၎င်းကိုင်ဆောင်သည့် သေနတ် ၃၈ ဗို့ ခလပ ၁ လက်၊ ကျည် ၁၂ တောင့်တို့ကိုထားခဲ့ကာ ထွက်ပြေး သွားကြောင်း သိရှိရသည်။

အဆိုပါ ထွက်ပြေး တိမ်းရှောင်သွားသော ရဲအုပ် ဇော်မင်းအောင်ကို နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကို ဦးစီးအဖွဲ့မှ လိုက်လံ စုံစမ်း ရှာဖွေလျက်ရှိပြီး အကြမ်းဖက် စစ်တပ်မှလည်း ဘီးလင်းမြို့နယ်၊ ရွှေသံလွင်တိုးဂိတ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း စစ်ဆေးရေးစခန်း၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်တို့ကို ပိတ်ဆို့ ရှာဖွေ လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article