28 C
Yangon

ကော့သောင်းတွင် ပျူစောထီး ကင်းစခန်း ကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ၊ ရေစကြိုမြို့ပေါ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်

Must read

ကော့သောင်းတွင် ပျူစောထီး ကင်းစခန်း ကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ၊ ရေစကြိုမြို့ပေါ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၃

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်ချိုင်ရွာရှိ ပျူစောထီးကင်းစခန်း နှင့် ပျူစောထီးခေါင်းဆောင်နေအိမ်တို့အား ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ ပျူစောထီး ခေါင်းဆောင် ၃ ဦးသေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂၂ ရက် သန်းခေါင်းယံအချိန် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရေငန်းချိုင်ရွာရှိ ပျူစောထီး ခေါင်းဆောင် စိန်သန်းကို နေအိမ်တွင်း၌ ဝင်ရောက်ရှင်းလင်းခဲ့ပြီး၊ ပျူစောထီး ဒုခေါင်းဆောင် ဦးဝမ်းနှင့် ပျူစောထီး တပ်စုမှူး သန့်ဇင်တို့ကို ပျူကင်းစခန်းအတွင်း ပစ်ခတ်လင်းရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံး သွားကြောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းကာ မြင်းဆေးများအပါအဝင် ကင်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ပြီး ယင်းတိုက်ခိုက်မှုသည် ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ)သက်ဆိုင်ခြင်းမရှိပဲ မိမိတို့ ကော့ သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သက်ဆိုင်ကြောင်း ၊ပြည်သူလူထုအား ခြိမ်းခြောက်၊ နှောက်ယှက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီထောက်တိုင် များ၊ ပျူစောထီးများ၊ ဒလန်များကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနည်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ရေစကြိုမြို့၊ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်တွင် အင် အား ၁၈ ဦးခန့်ဖြင့် တပ်စွဲနေထိုင်သော စစ်သားများကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးကြောင်း၊ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ခွေးသေကတော့ စုံစမ်းလို့မရသေးဘူးဗျ၊ ကျနော်တို့ဘက်ကလည်း မြို့ပေါ်ကို မတက်နိုင်တဲ့ အနေ အထားတစ်ခုမှာဖြစ်နေတာ၊ ခွေးသတင်းမှာ တင်ထားတောင်မှ RPG နဲ့ပစ်တယ်လို့ တင်ထားတယ်၊ ကျနော်တို့ ကမ်းပိန်းပြီးတဲ့ရက်ကစပြီး ဒီကောင်တွေ ကင်းပုန်းဝပ်နေတာ ဒီနေ့အထိပဲ၊ ၁၀ ကောင် ဝပ် တယ်၊ ၁၅ ကောင်ဝပ်တယ်၊ မြို့ပေါ်ကို တက်မဲ့လမ်းတွေကို အကုန်ကင်းပုန်းဝပ်နေတဲ့အတွက် ကင်း ထောက်ဖို့ ခက်ခဲနေတဲ့အတွက်ပါဗျ” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည် ပစ် ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၁၀ ရက်ခန့်က ယင်းအကြမ်းဖက်စစ်တပ်စခန်းကို သွားရောက် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ နောက်တစ်ကြိမ်တိုက်ခိုက်ခံရပါက ရပ်ကွက်အတွင်း လက်နက် ကြီးများဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article