28 C
Yangon

ပခုက္ကူမြို့၊ လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

Must read

ပခုက္ကူမြို့၊ လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ ၂ (Young Force UG) အဖွဲ့ထံမှ သိရသည်။

ယနေ့ဇွန်လ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ ၂ (Young Force UG) အဖွဲ့ မှ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ရဲများ လုံခြုံရေးယူကာ ပြည်သူ လူထုထံမှ လျှပ်စစ်မီတာခများ အတင်းအဓမ္မ ခြိမ်းခြောက်ကောက်ခံနေသည်ကို တိုင်ကြား စာ ရရှိထား သဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအလိုကျ ဆက်လက်လုပ် ဆောင် နေသောထောက်တိုင်များကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Young Force UG အဖွဲ့က ပြောဆိုသည်။

အဆိုပါ လျှပ်စစ်ရုံးတွင် လျှပ်စစ်မီတာခများ ကောက်ခံရန် ပြင်ဆင်နေချိန် ဗုံးတစ်လုံးပေါက် ကွဲခဲ့ရာ ရုံးလဲပိတ်သွားပြီး အကြမ်းဖက်စစ်သားရဲ၊ အများအပြားလာရောက်စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ လျှပ်စစ်မီတာရုံးသည် မီတာခများ အတင်းအကြပ်ကောက်ခံနေသည့်အပြင် မီတာမ ဆောင် သည်ဟုဆို ကာ နေအိမ်များတွင် တပ်ဆင်ထားသော မီတာများလိုက်လံဖြုတ်သိမ်းနေကြောင်း သိရသည်။

“မနက်က ရုံးဖွင့်တယ်၊ ဗုံးကွဲပြီးတော့ ရုံးပိတ်လိုက်တယ်နဲ့တူတယ်၊ ဝန်ထမ်းတွေလည်း မမြင်တော့ဘူး၊ ဘာတွေ ထိခိုက်ပျက်စီးသွားလဲတော့ မသိဘူး၊ မိုင်းစတွေဆို အိမ်တွေအထိပါရောက်တာ၊ မီးခိုးတွေလဲ တော်တော်နဲ့မပြယ်ဘူး၊ ကျနော်ဆိုလန့်ပြီးထွက်ပြေးခဲ့ရတာ ဖိနပ်တောင်မပါဘူး၊ ဗုံးကွဲတဲ့အသံက တော် တော်ဝေးဝေးကပါ ကြားရတယ်လို့ ပြောတယ်၊ စစ်ခွေးတွေလဲ ဗုံးကွဲတဲ့ နေရာကို လာလိုက်ပြန်လိုက်နဲ့ လုပ်နေတာ၊ ကားတွေလဲ အများကြီးပဲ၊ ခြေလျင်တွေရောပဲ၊ လမ်းတွေထဲလည်း ဝင်စစ်တယ်” ဟု ပခုက္ကူ မြို့ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article