ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာ အနီး စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ အများအပြားဒဏ်ရာရပြီး PDF ရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ ဇွန် ၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerrilla Force ဗိုလ်ကောက်ရိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန် ၂၃ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က လှတောကျေးရွာမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက် လာသော အကြမ်းဖက်စစ်သားများကို ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်အစပ် ဘုန်းဘွဲ့ကျေးရွာ တောင်ဘက်အရောက် ရော့ကတ်ဒုံး ၆ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားဒဏ်ရာရရှိကာ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် တစ်ဦး စက်လက်ဖြင့် ထိမှန်ကာ ကျဆုံးခဲ့ကြောင်း သိရသည်။
“ဘုန်းဘွဲ့ရွာတောင်ဘက် ရွှေဓားကျောင်းမှာ တိုက်ခိုက်ခဲ့တာပါ၊ ရော့ကတ်အဖွဲ့ ၂ ဖွဲ့နဲ့ လက်နက်ငယ် တပ်စိပ်တွေ ပေါင်းပြီးဆော်ကြတာပါ၊ စစ်ခွေးဘယ်နှစ်ကောင်သေလဲတော့ အတိအကျမသိရဘူး၊ လိုက် ထရပ်ကား ၂ စီးနဲ့ ခွေးနာတွေ တင်သွားတယ်လို့ သိရတယ်၊ စစ်ခွေးကားနဲ့ရှောင်လိုက်ရတဲ့ ပြည်သူ တစ်ဦးပြောပြတာ၊ လိုက်ထရပ်ကားနှစ်စီးပေါ်မှာ ခွေးနာတွေအပြည့်ပဲလို့ ပြောတယ်၊ ကျနော်တို့အဖွဲ့ က တော့ထိခိုက်မှုမရှိခဲ့ပါဘူး၊ ဒေသကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ယောက်တော့ အသက်ပေးလိုက်ရ တယ်၊ ခွေးတွေဘက်က စက်လက်နဲ့မိလို့” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerrilla Force ဗိုလ်ကောက်ရိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများမှာ ရွှေဓားကျောင်းသို့ ညအိပ်တပ်စွဲပြီး ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရွှေဘိုမြို့မှ လိုက်ထရပ်ကား ၂ စီးဖြင့် ဒဏ်ရာရ စစ်သားအချို့ ကိုလာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ Fighter For Freedom (FFF) ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ တပ်ခွဲ ၂ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။