27 C
Yangon

ငါးဇွန်မြို့နယ်၊ ငါန်းမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ငါးဇွန်မြို့နယ်၊ ငါန်းမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း)မှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲပြီး ကတုတ် ကျင်းများဖြင့် အခိုင်အမာတည်ဆောက်ထားသော ငါန်းမြာကျေးရွာ ရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များအပေါ် တည့်တည့်ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“မနက် ၈ နာရီလောက်က စဆော်တာ၊ ၉ နာရီလောက်ပြီးတယ်၊ ဗုံးချတဲ့အချိန် ထိခိုက်သေဆုံးတဲ့ စစ် စစ်ခွေးအလောင်းတွေကိုဆွဲထုတ်သွားတာ မြင်နေရတယ်၊ ပထမအကြိမ်ချတော့ ပြန်မပစ်ဘူး၊ ဒုတိယ အကြိမ်ကျတော့ စက်ကလေးနဲ့ ပြန်ပစ်တယ်၊ ရဲဘော်တွေအားလုံး ပြည်သူ့တွေရဲ့မေတ္တာနဲ့အတူ ဘေး ကင်းခဲ့ပါတယ်၊ စစ်ခွေးစခန်းထဲကို သားကြင်ရွာဘက် စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းက လာပေါင်း ထားလို့ အခုတော့ အင်အား ၇၀ လောက်ဖြစ်သွားပြီဗျ” ဟု ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ် ရင်း)မှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ပြီး ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ၊ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့) ရွှေဘိုခရိုင်တပ်ရင်း ၁၅ ( Eagle Guerrilla Force ဗိုလ်ကောက်ရိုးအဖွဲ့) ၊ ဆားတောင်မိုးကြိုး (Local PDF) နှင့် Danger Force (Local PDF) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article