26 C
Yangon

ပေါင်းတည်မြို့နယ်၊ ရွှေလေးကြိုးဝိုင်းထဲသို့စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ပေါင်းတည်မြို့နယ်၊ ရွှေလေးကြိုးဝိုင်းထဲသို့စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရွှေလေးကြိုးဝိုင်းထဲသို့စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်း တည် မြို့နယ်၊သိမ်ကုန်းအုပ်စု၊သိမ်ကုန်းရွာအထိုင်စခန်းမှ ရွှေလေးကြိုး ဝိုင်းထဲသို့ စစ်ကြောင်းထိုးလာသော အင်အား ၄၀ ပါစစ်ကြောင်းကို သရက်ချဉ်ရိုး အနီးတွင်ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ၊ တပ်ရင်း အဖွဲ့ ၂ လင်းယုန်စစ်ကြောင်းနှင့်ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ (PPDF)တပ်ရင်း၊ တပ်ခွဲ ၂ တို့က ပူးပေါင်းတိုက်ခိုက်ကြောင်း၊ စစ်တပ် ဘက်မှ ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်တပ်က လက်နက်ကြီးလက်နက်ငယ်များ ဖြင့်ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ သော် လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိကြောင်း၊ စစ် တပ်က သေဆုံး စစ်သား အလောင်းကို မီးရှို့ပြီး အနီးအနားမှ ပြည်သူပိုင် ယာတဲ ၃ လုံးကိုလည်း မီးရှို့ ဖျက်ဆီးကြောင်း၊ စစ်တပ်ဘက်မှ အပြင်းအထန် ဒဏ်ရာ ရရှိသူ စစ်သားကို စောင် ပုခက်ဖြင့်ထမ်းကာသစ်ပုတ်ရွာတာဝါတိုင် အထိုင်စခန်း ဘက် သို့သယ် ဆောင် သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article