29 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ သိမ်တော်ရွာနှင့် ညောင်ပင်ကြီးရွာ ကို စစ်တပ်က မီးတင်ရှို့နေ

Must read

ဆားလင်းကြီးမြို့နယ်ရှိ သိမ်တော်ရွာနှင့် ညောင်ပင်ကြီးရွာ ကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သိမ်တော်ရွာနှင့် ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်ရှိ သိမ်တော်ရွာနှင့် ညောင်ပင်ကြီးရွာ စျေးအနီးအနားကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“ညောင်ပင်ကြီးရွာ စျေးနားနဲ့ သိမ်တော်ရွာကို စစ်ခွေးတွေက မီးရှို့ ဖျက်ဆီးနေတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာများကို ဇွန်လ ၉ ရက်နေ့က စတင်ကာ မီးရှို့ဖျက်ဆီးလျက်ရှိပြီး လက်ရှိချိန်ထိ ညောင်ပင်ကြီးကျေးရွာတွင်း၌ တပ်စွဲထားကြောင်း သိရသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article