28 C
Yangon

စစ်ကိုင်းမြိုနယ်၊ ကင်းတော်ကျေးရွာတွင် PDF စခန်း စီးနင်းခံရပြီး ရဲဘော် ၁၂ ဦးကို စစ်တပ်က ပစ်သတ်

Must read

စစ်ကိုင်းမြိုနယ်၊ ကင်းတော်ကျေးရွာတွင် PDF စခန်း စီးနင်းခံရပြီး ရဲဘော် ၁၂ ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာအနီးတွင် PDF စခန်း တစ်ခုကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းပြီး တော်လှန်ရေးရဲဘော် ၁၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသပြည်သူတချို့ထံမှ သိရှိရသည်။

ယနေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ အပါအဝင် ကျေးရွာ ၇ ခုကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင် ရောက် စီး နင်းခဲ့ပြီး ကင်းတော်ကျေးရွာအနီးရှိ PDF စခန်းငယ်တစ်ခုကိုလည်း စီးနင်း သွားကြောင်း၊ ယင်းနောက် တော်လှန်ရေးရဲဘော်များကို အရှင်ဖမ်း ဆီးမိကာ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“တိုက်ပွဲမဖြစ်ဘူး။ မနက်လင်းအားကြီး လက်နက်ကြီးတွေ နဲ့ပစ်ခတ်ဝင်လာပြီး စခန်းကို တစ်ခါတည်း ဝင်စီးတာ။ အကုန်လုံးကို အရှင်ဖမ်းပြီး ဦးခေါင်းတွေကို ချိန်ပြီး ပစ်သတ်သွားတယ်။ လက်နက်တွေလည်းပါသွားတယ်။ အလစ် အငိုက်ဖမ်းပြီး ဝင်စီးခံရတာ။ လာတာကတော့ စခန်းနေရာကို အတိအကျ လာ ပြီး ဝင်စီးတာ ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဝင်ရောက်စီးနင်းခံရသော PDF စခန်းနှင့် PDF အဖွဲ့ကို ဆက်လက် စုံစမ်းလျက်ရှိပြီး တော်လှန်ရေး သတင်းရင်းမြစ် တချို့ ကလည်း PDF စခန်း ဝင်စီးခံရမှုကို အတည်ပြုကာ အဖွဲ့နာမည်ကို မသိရသေး ဟု ပြောဆိုကြသည်။

” အဲဒီပတ်ဝန်းကျင်မှာ ကျေးရွာ LDF တွေလည်းရှိတော့ ဘယ်အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ သိရရင် ပြန်ပြောပေးမယ်”ဟု တော်လှန်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာအနီး PDF စခန်းငယ်တစ်ခုမှ ရဲဘော် ၁၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး လက်နက်များ ယူဆောင်သွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article