28 C
Yangon

မြိတ်မြို့တွင် စစ်တပ် ဝါဒဖြန့် စာစောင်များ လိုက်ဝေစဥ် ယူရန် ငြင်းဆန်ခဲ့ သည့် လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွား

Must read

မြိတ်မြို့တွင် စစ်တပ် ဝါဒဖြန့် စာစောင်များ လိုက်ဝေစဥ် ယူရန် ငြင်းဆန်ခဲ့ သည့် လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွား

ရန်ကုန်၊ ဇွန် ၂၅

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အကြမ်းဖက် စစ်တပ်၏ ဝါဒဖြန့် စာစောင်များ လိုက် ဝေစဥ် ယူရန် ငြင်းဆန်ခဲ့သည့် လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိတ်မြို့၌ အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက အရပ်ဝတ်များဖြင့် ဝါဒဖြန့် စာစောင်များ လိုက်လံ ဖြန့်ဝေစဥ် လူငယ် ၂ ဦးက စာစောင်ရန် ယူရန် ငြင်းဆန်ခဲ့သောကြောင့် အရပ် ဝတ် ဝတ်ဆင်ထားသော စစ်သား၊ ရဲနှင့် ပျူစောထီးများက ရိုက်နှက် ဖမ်းဆီး သွားကြောင်း သိရသည်။

” မြိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ် အရှေ့မှာ စာစောင်မယူတဲ့ လူငယ် ၂ ဦးကို ရိုက် နှက် ဖမ်းသွားတယ်လို့ သိရတယ်။ Facebook ပေါ်မှာ သတင်းမှန်တွေ တိုက် ရိုက် ကြည့်နေကြတာပဲ သူတို့ ဘယ်လိုဝေဝေ ရှေ့မှာတော့ ယူလိုက်တာပဲ သူတို့ ပြန်သွားရင် စုပ်ဖြဲ ပစ်ချလိုက်တာပဲ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့က စတင်ကာ ဇွန်လ ၂၅ ရက်နေ့ အထိ မြိတ်မြို့ပေါ်ရှိ စျေး နှင့် လူစည်ကားရာနေရာများတွင် အကြမ်းဖက် စစ်တပ်က ဝါဒဖြန့် လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေနေခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်ကမ်းစာ စောင်များကို စစ်ကောင်စီခန့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဉီးသောင်း အေး ဉီး ဆောင်သောအဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဉီးစိုးသိန်းမင်း အဖွဲ့၊ မြို့ နယ် စည်ပင်သာယာရေးအဖွဲ့၊ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ် ထိန်းရဲတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး များက ဖြန့်ဝေနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article