32 C
Yangon

ဆားလင်းကြီးရှိ အမှတ် ၁ ချည်ထည်စက်ရုံ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ဆားလင်းကြီးရှိ အမှတ် ၁ ချည်ထည်စက်ရုံ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၁ ချည်မျှင်နှင့်အထည်ချုပ်စက်ရုံရှိ အကြမ်းဖက် စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Fight Brotherhood Guerila Army ထံမှ သိရသည်။

ဇွန်လ ၂၃ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲများ အထိုင်ချတပ်စွဲထားသော ဆားလင်းကြီးမြို့နယ် အမှတ် ၁ ချည်မျှင်နှင့် အထည်စက်ရုံကို တာဝေးပစ်လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ အထိုင်ချနေရာများ၌ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးသေဆုံးမှုအများအပြားရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီ လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစုဝင်များ ဖြစ်ကြ သော Fighter Brotherhood Guerrilla Army ၊Eagle Defense Force(EDF) ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Salingyi Border Task Force၊ BED ငညို ပြည်သူ့ကာကွယ်ရေး တပ် ၊ Golden Star Force(ခရိုင်ရင်း ၂၉ တပ်ခွဲ ၅) ၊ နယ်စည်းမခြား ဇာမဏီပြောက်ကျား၊ တောကျီး ကန်း၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အာဠာဝက၊ ရွှေညီကို၊ ပြည်သူအားလုံးရဲ့ PK ၊ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့နှင့် အခြား မဟာမိတ်များ ဖြစ်ကြ သော F3ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ဒိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊Brother Defence Force ၊ DRPA ခရိုင်ရင်း ၃၀ ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

FBGA တပ်ဖွဲ့အနေဖြင့် စစ်ရေး အရှိန်မြှင့်ကာ အာဏာရှင်အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက် နေ သည့် ပြည်သူ့မျက်နှာမူသော မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ထို့ကြောင့် မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article