ရေးမြို့နယ်၊ နှစ်ကရင်ရွာကို စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ရေးမြို့နယ်၊ နှစ်ကရင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နှစ်ကရင်ရဲစခန်းကို KNLA-PDF ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဥ် အကြမ်းဖက် စစ်တပ်က နှစ်ကရင်ရွာကို ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
” နှစ်ကရင် ရွာပြင်မှာ နေတဲ့ ပြည်သူ ၂ ဦး ထိခိုက်သေဆုံးတယ်။ စစ်ခွေးတွေက ရွာရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး ရဟတ်ယာဥ်တွေနဲ့ပါ ပစ်ခတ်သွားတာ တိုက်ပွဲဖြစ်ပြီး မကြားဘူး စစ်ခွေးတွေက ပစ်တော့တာပဲ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။