25 C
Yangon

ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံး

Must read

ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၅

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုတ်မြို့ အခြေစိုက် ခမရ ၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနှင့် ငါးဖယ်အင်း ကျေးရွာတို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ၃ လုံးသည် သမင်အင်းကုန်း ကျေးရွာ အရှေ့ပိုင်း ရပ်ကွက်ကို ကျရောက်ခဲ့ပြီး မခင်နုနှင့် အမည်မသိ အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ငါးဖယ်အင်း ကျေးရွာ ဘောလုံးကွင်းကိုလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ သမင်အင်းကုန်းရွာမှာ အမျိုးသမီး ၂ ဦးသေတယ်။ ငါးဖယ်အင်းရွာက ပြည်သူ ၂ ဦးလည်း သေဆုံးတယ်။ လက်နက်ကြီးကျလို့ သေတဲ့အမျိုးသမီးအမည်က မခင်နုတဲ့ နောက်တစ်ဦးကတော့ အမည်မသိဘူး။ ကလေး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများကို နေ့စဥ် ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း KNLA-PDF ကျောက်ကြီး တပ်ရင်း ၉ – ၁၀၃၅ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article