မုံရွာဘက်ကမ်းမှ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပလောက် ကျေးရွာရှိ နေအိမ် အချို့ပျက်စီး၊ သိမ်တော်ရွာနှင့် ညောင်ပင် ကြီးစျေးအနီးရှိ ပြည်သူပိုင်နေအိမ်များကိုလည်း စစ်တပ်က မီးရှို့
ရန်ကုန်၊ ဇွန် ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ဘက်ကမ်းမှ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၁၂၀ မမ ၊ ၆၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပလောင်ကျေးရွာရှိ နေ အိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၄ ရက်နေ့တွင် စစ်တပ်က ပလောင်ကျေးရွာရှိ နေအိမ်များကို လက် နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်၂၅ ရက်နေ့ နံနက်ပိုင်း တွင်လည်း အကြမ်းဖက်စစ်တပ်က သိမ်တော်ရွာနှင့် ညောင်ပင်ကြီးစျေးအနီးရှိ ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကိုလည်း ၆၀မမ များ၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူက ပြောပြသည်။
အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ညောင်ပင်ကြီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ ရှောင်တိမ်းနေရကြောင်း၊ ဇွန်လ ၂၄ ရက်နေ့နှင့် ဇွန်လ ၂၅ ရက်နေ့ ပစ်ခတ်မှုများတွင် ပြည်သူများ ထိခိုက်မှု မရှိကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။