25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ငါန်းဇွန် ပကဖ ရဲဘော် ၁၂ ဦးနှင့် အရပ်သား ပြည်သူ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၅ ဦးကို သတ်ဖြတ်သွား

Must read

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ငါန်းဇွန် ပကဖ ရဲဘော် ၁၂ ဦးနှင့် အရပ်သား ပြည်သူ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၅ ဦးကို သတ်ဖြတ်သွား

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဇွန်လ ၂၅ ရက်နေ့ စစ်ကြောင်းထိုးခဲ့သော စစ်တပ်က ငါန်းဇွန်ပကဖအဖွဲ့ဝင် ရဲဘော် ၁၂ ဦး နှင့် အရပ်သား ပြည်သူ အမျိုး သမီး ၃ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသ ကာကွယ် ရေးတပ်များက ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၁ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ကင်းတော် ကျေးရွာ သို့ စစ်တပ်က ရေကြောင်းမှတစ်ဆင့် အင်အား ၁၀၀ နီးပါး လက်နက် ကြီးများ ပစ်ခတ်၍ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ အဆိုပါစစ်တပ် စစ်ကြောင်းကို တိုက်နယ်စွန် PDF အဖွဲ့က နံနက် ၅ နာရီ ၅၀ မိနစ်အချိန် တပ်စိတ် တစ်စိတ် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၆ နာရီ ၁၀ မိနစ်အချိန်တွင် တပ်စိတ် ၃ စိတ်ထပ်မံသွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းဆည် နှင့် လဗတော အကြား စစ်ကြောင်းနှင့် PDF တ်များ ထိပ်တိုက်တွေ့ဆုံသဖြင့် ၆၀ မမ ၇ လုံးနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ယင်းနေ့ နံနက် ၈ နာရီအချိန် လဗတော ကျေးရွာနှင့် ကင်းတော်ရွာကိုလည်း မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၃ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာသို့ PDF များက စတင်ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းများရှိရာ ဘက်သို့ ဦးတည်၍ ၈၀ မမ ၂ လုံးဖြင့် ပစ်ခတ် တိုက်ခတ်ခဲ့ကြောင်း၊ ညနေ ၃ နာရီ ၅၅ မိနစ်အချိန် ၆၀ မမ ၂ လုံး၊ ၈၀ မမ ၂ လုံးတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ညနေပိုင်းတွင် စစ်တပ် စစ် ကြောင်းက သတ်ဖြတ်ခဲ့သော PDF ရဲဘော်များနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း အလောင်း ၁၅ လောင်းကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

“ကင်းတော်ကျေးရွာအနီးမှာ အသတ်ခံရတဲ့ PDF ရဲဘော် ၁၂ ဦးက ငါန်းဇွန် ပကဖ အဖွဲ့ဝင်တွေလို့သိရတယ်။ အရပ်သားပြည်သူတွေလည်း အများအပြား အဖမ်းခံရတယ်။ အသတ်ခံထားရတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သော ငါန်းဇွန်ပကဖ အဖွဲ့ဝင် ရဲဘော် ၁၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article