ကောလင်းမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး ဝန်းသိုတွင် စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက်၊ မြင်းမူရဲစခန်းနှင့်ထွေအုပ်ရုံးကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၆
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်းဈေးအရှေ့ဈေးအနီးရှိ ကမ္ဘောဇ ဘဏ်-၂ အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Kawlin Revolution-KR ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၆ နာရီ ၁၈ မိနစ်ခန့်က အကြမ်းဖက် စစ်သား များ ပုံမှန်ကင်းပုန်းဝပ်နေ ကျနေရာဖြစ်သည့် ကမ္ဘောဇဘဏ် – ၂ (ကောလင်း အရှေ့စျေး) အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အကြမ်း ဖက်စစ်သား အချို့ထိခိုက် ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်သားများမှ ဈေးတန်းရှိရာဘက်သို့ နာရီဝက်ခန့် ကြာသည်အထိ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ အပြင်းအထန် ဒဏ်ရာ ရ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇွန်လ ၂၂ ရက် နေ့လည် ၁၁ နာရီ ၅၅ မိနစ်တွင် ဝန်းသိုမြို့နယ်၊ ဂျိုးထောင်-နမ့်ခမ်းဒေသရှိ နမ်းခမ်းရွာရှိ ပျူစခန်းနှင့် အကြမ်းဖက်စစ်တပ် အထိုင် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက် လုပ် ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ရာ ညနေ ၃ နာရီ အထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိ ခိုက် မှုရှိခဲ့သော်လည်း အတိအကျ မသိရသေးကြောင်း THE SECRET WARRIOR KAWLIN ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဝန်းသိုမြို့နယ် ပ.က.ဖ ၊ ဒေသခံ ပ.က.ဖ များ၊ ကော လင်း မြို့နယ် ပ.က.ဖနှင့် ကောလင်းမြို့ပေါ် ပ.က.ဖ တိုက်ခိုက်ရေးအဖွဲ့ THE SECRET WARRIOR KAWLIN တို့ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက် အင်အားမမျှတသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း လက်လုပ် လက်နက်ကြီးအချို့ ပြောင်းကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့ပေါ်ရှိ မြင်းမူရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ တိုက်ခိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Federal Wings ထံမှ သိရသည်။
ဇွန်လ ၂၄ ရက်နေ့ ညဦးပိုင်း မြင်းမူရဲစခန်းကို ဗုံးသီး ၂ လုံး၊ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကို ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ထိမှန်ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်သား၊ အ ဆောက်အဦ ထိခိုက်ပျက်စီးမှုရှိသော်လည်း အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် ကွက်ကဲရေးအဖွဲ့၏ ကွက်ကဲမှုဖြင့် တပ် ရင်း ၁၈၀၁ စစ်ကိုင်း ဒေသ တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက် ခဲ့သည့် ရဲစခန်းနှင့်ထွေအုပ်ရုံးသည် Drone Jေmmer တပ်ဆင်ကာကွယ်ထားသည့် နေရာဖြစ်ကြောင်း သိရသည်။