32 C
Yangon

ဖားဆောင်းမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၄ ဦးသေဆုံး

Must read

ဖားဆောင်းမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၆

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အရပ် သား ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Free Burma Ranger အဖွဲ့ ခေါင်းဆောင် David Eubank က တွစ်တာလူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်း ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာကို စစ် တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဖားဆောင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲလို့ အရပ်သားလေးဦး သေဆုံးခဲ့တယ်။ လွန်ခဲ့တဲ့ ၅ ရက်အတွင်း ကရင်နီပြည်နယ်တောင်ပိုင်းမှာ လူပေါင်း ၆၀၀၀ ကျော် စစ်ဘေးရှောင် ပုန်းအောင်းနေရတယ်။ လေယာဉ်နဲ့ ပစ်လိုက်လို့ မီးတွေထလောင်တယ်။ ဒီဘက်မှာ အိမ်တွေပျက်စီးတယ်။ ဘုရားကျောင်းတွေပျက်တယ်။ လမ်းမပေါ်မှာ ရွာသား ၄ ယောက်သေဆုံးတယ် ”ဟု David Eubank က သတင်းထုတ်ပြန်ထားသည်။

ဖားဆောင်းတွင် စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲ့ရသူ ၄ ဦးကို ဇွန်လ ၂၆ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article