33 C
Yangon

ရေးမြို့နယ်နှင့် သံဖြူဇရပ်အကြား ခရီးသည်တင်ကားများကို စစ်ဆေးစဉ် ရဲအသုံးဆောင်ပစ္စည်းများ ဖမ်းဆီးရမိသဖြင့် မီးရှို့ဖျက်ဆီး

Must read

ရေးမြို့နယ်နှင့် သံဖြူဇရပ်အကြား ခရီးသည်တင်ကားများကို စစ်ဆေးစဉ် ရဲအသုံးဆောင်ပစ္စည်းများ ဖမ်းဆီးရမိသဖြင့် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်အကြား ခရီးသည်တင်ကားများကို စစ်ဆေးစဉ် ရဲအသုံးဆောင်ပစ္စည်းများ ဖမ်းဆီးရမိသဖြင့် မီးရှို့ဖျက်ဆီး ကြောင်း အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသီု့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ ၊မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်အကြား အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင်ကားများကို စစ်ဆေးစဉ် သယ်ဆောင်လာသည့် ရဲအသုံးဆောင်ပစ္စည််များသိမ်းဆည်းရမိကြောင်း၊ စစဆေးမှုကို KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ကြောင်း၊ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နေ့စဉ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ဘေးလမိုင်းရွာအနီးမှ ရွှေစင်စင်္ကြာခရီးသည်တင်ကားဖြင့် တင်ဆောင်လာသည့် ရဲအသုံး အဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် ရဲအသုံးအဆောင်ပစ္စည်းတွေဟာ ဒုရဲအုပ်နိုင်လွင်ဦး၏ အသုံးအဆောင် ပစ္စည်းများဖြစ်ပြီး ဖမ်းမိပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၀ ရက်နေ့ကတည်းက KNLA တပ်ရင်း ၂၇ က ပြည်ထောင်စု လမ်းမ ကြီး တလျှောက် သွားလာနေကြသည့်ကားများတွင် စစ်တပ် လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ မသယ်ဆောင်ကြရန် ၊ သယ်ဆောင်လာလျှင် စစ်ဆေး တွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမည်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article