28 C
Yangon

မယ်စဲ့အခြေစိုက် ဗျူဟာကုန်းမှ ခမရ ၄၃၀ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် တပ်ရင်း တစ်ခုလုံး အဆက်အသွယ်ပြတ်တောက်နေဟု လျှို့ဝှက် တပ်တွင်း အစီရင်ခံစာ တက်

Must read

မယ်စဲ့အခြေစိုက် ဗျူဟာကုန်းမှ ခမရ ၄၃၀ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် တပ်ရင်း တစ်ခုလုံး အဆက်အသွယ်ပြတ်တောက်နေဟု လျှို့ဝှက် တပ်တွင်း အစီရင်ခံစာ တက်

■ စစ်တပ်က အသံဖိုင်အတု ဖန်တီး၍ ခမရ ၄၃၀တပ်ရင်းတစ်ခုလုံး လက်နက်မချဟု တပ်ရင်း တပ်ဖွဲ့များထံသို့ သတင်းလိမ်လည်ဖြန့်ချိ

ရန်ကုန်၊ ဇွန် ၂၆

ကရင်နီပြည်နယ်၊ မယ်စဲ့အခြေစိုက် ဗျူဟာကုန်းမှ ခမရ ၄၃၀ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အင်အား ၁၀၀ နီးပါးရှိ တပ်ရင်းတစ်ခုလုံး အဆက်အသွယ်ပြတ်တောက်နေသည်ဟု တပ်တွင်းလျှို့ဝှက်အစီရင်ခံစာ တက်လာကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ခမရ ၄၃၀ မှ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူးနှင့် အင်အား ၁၀၀ နီးပါး ကရင်နီတော်လှန်ရေးတပ်များထံသို့ လက်နက်ချ အလင်းဝင်သွားသော်လည်း စစ်တပ်၏ တပ်တွင်း လျှို့ဝှက် အစီရင်ခံစာတွင် ခမရ ၄၃၀ တပ်မှ တပ်ရင်းတစ်ခုလုံး အဆက်အသွယ်ပြတ် တောက်နေသည်ဟု ရေးသားဖော်ပြထားပြီး အဆက်အသွယ်ရရန်၊ ကြိုးစားရှာဖွေရန် ၊ သိမ်းယူခံထားရသော စစ်တပ်၏ စခန်းကုန်းများ ပြန်လည် ရရှိရေး ဆောင်ရွက်ရန် ညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။

“ခမရ ၄၃၀ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ အရာရှိ၊ စစ်သည်တွေ အဆက်အသွယ်ပြတ်တောက်နေတယ်ဆိုတဲ့ အစီရင်ခံစာ‌ တက်လာပါတယ်။ မယ်စဲ့ စခန်းကုန်းနဲ့ နယ်စပ်စခန်းတွေ ပြန်ရဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ပါဆိုတဲ့ ညွှန်ကြားချက်တွေလည်း ထွက်လာပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်ဘက်ကမူ ခမရ ၄၃၀ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် အင်အား ၁၀၀ နီးပါး ပါ တပ်ရင်းတစ်ခုလုံး လက်နက်ချသွားသည်ဆိုသော သတင်းကို ဖုံးဖိထားရန် ကြိုးစားလျက်ရှိပြီး စစ်တပ် တပ်ရင်းတပ်ဖွဲ့များတွင် ယင်းသတင်းမဟုတ်မှန်ကြောင်း အသံဖိုင်နှင့်တကွ ဖြန့်ချိန်လျက်ရှိကြောင်း သိရှိရသည်။

ခမရ ၄၃၀ တပ်ရင်းမှူးသည် စစ်ဦးစီးတက္ကသိုလ် (ဥစတ) သင်တန်း တက်ရောက်နေခြင်းဖြစ်ပြီး ခေတ်သစ်သတင်းဌာန၏ သတင်းမဟုတ်မှန်ကြောင်း အသံဖိုင်အတု ဖန်တီး၍ တပ်ရင်း၊ တပ်ဖွဲ့များထံသို့ သတင်းလိမ်လည် ဖြန့်ချိနေကြောင်း သိရှိရသည်။

“တပ်ရင်းမှူးက အားလုံးတွေ့ချင်တယ်ဆိုပြီး ခေါ်ပြီး ခမရ ၄၃၀ သတင်းမဟုတ်ဘူး၊ ခေတ်သစ်က သတင်းအမှားဖြန့်တာဆိုပြီး အသံဖိုင်ဖွင့်ပြတယ်” ဟု ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှ တပ်ရင်းတစ်ခုမှ ဒုအရာခံဗိုလ်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article